iOS 10.3.2 Update မှာ Battery ကုန်တာမြန်တဲ့ ပြဿနာရှိနေ

date_range 28 May 2017

iOS 10.3.2 Update မှာ Battery ကုန်တာမြန်တဲ့ ပြဿနာရှိနေ

visibility 11500 Views

                အရင်တစ်ပါတ်ကပဲ ထွက်ရှိလာတဲ့ iOS 10.3.2 Update ဟာ Security Fixes တွေ၊ အခြားပြုပြင်မှုတွေ အများကြီးပါဝင်လာတဲ့ OS Update တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ Update လုပ်မိလိုက်တဲ့ တစ်ချို့ iPhone User တွေဟာ Battery ကုန်တာ အရမ်းမြန်နေတဲ့ ပြဿနာရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။

                ပြဿနာဟာ တော်တော်လေးကြီးတယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာကိုရင်ဆိုင်နေရတဲ့ iPhone User တွေပြောပုံအရ တစ်မိနစ်အတွင်းမှာ Battery 10% လောက် ကုန်သွားတယ်လို့ သိရလို့ပါ။ တစ်ချို့ဆိုရင် Battery က စက္ကန့်ပိုင်းအတွင်း 10% လောက် ကုန်သွားတယ်လို့လည်း ဆိုကြပါသေးတယ်။

                Forbes က ရေးသားထားပုံအရ iPhone 6 ကိုင်ဆောင်တဲ့ Kamlesh Pawar ဆိုသူဟာ Apple Battery အသစ်လဲပြီးလို့ မကြာခင်ပဲ iOS 10.3.2 ကို Update လုပ်လိုက်ရာမှာ Battery က မိနစ်ပိုင်းအတွင်းမှာပဲ 10% ကနေ 20% ထိအောင် အားကုန်သွားတယ်လို့လည်း သိရပါတယ်။

                iPhone 6 Plus ကိုင်ဆောင်သူ Jill ဆိုတဲ့ ကောင်မလေးတစ်ယောက်ကတော့ ဖြစ်နေတဲ့ ပြဿနာကို အောက်ကဓာတ်ပုံမှာ ပြသထားတဲ့အတိုင်းပဲ Twitter စာမျက်နှာမှာ AppleSupport ကိုပါ Mention ခေါ်ပြီး Complain တက်ထားတာကို တွေ့ရပါတယ်။

 

                AppleSupport ဘက်ကလည်း ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ဒီကောင်မလေးနဲ့ အပြန်အလှန်ပြောထားတဲ့ Reply တွေကိုလည်း တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး အလားတူပြဿနာကို ရင်ဆိုင်နေရတဲ့ iPhone Users တွေ လာရောက်ရေးသားထားတဲ့ Reply တွေလည်း တွေ့ရှိရပါသေးတယ်။

                စာရေးသူကိုင်ဆောင်တဲ့ iPhone 6s Plus မှာတော့ OS Update လုပ်ပြီးထဲက ဒီပြဿနာကို မကြုံရသေးပါဘူး။ နည်းပညာကျွမ်းကျင်သူတွေကတော့ iOS 10.3.2 ကို Update မလုပ်ကြဖို့နဲ့၊ အခုဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် OS Update ထွက်လာမှပဲ Update လုပ်ကြဖို့ တိုက်တွန်းထားကြပါတယ်။


References
Gadgets 360
About Author
Assinged Tags
iOS Battery Battery Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed