Google for Jobs ကို လူအချို့ စတင်အသုံးပြုလို့ရနေ

date_range 28 May 2017

Google for Jobs ကို လူအချို့ စတင်အသုံးပြုလို့ရနေ

visibility 200 Views

                Google for Jobs ဆိုတာကို နာမည်ကြားတာနဲ့တင် ဘာမှန်းသိပ်ထွေထွေထူးထူး ပြောနေစရာလိုတော့မယ် မထင်ပါဘူး။ အလုပ်ရှာတာတွေ၊ အလုပ်ခေါ်ယူတာတွေကို ပိုပြီးမြန်ဆန်လာအောင်နဲ့ ထိထိရောက်ရောက်ရှိလာအောင် Google ဘက်ကနေ ကြိုးစားနေတာပဲဖြစ်ပါတယ်။ Google for Jobs ကို စ Launch မယ်လို့လည်း Google I/O မှာပြောကြားခဲ့တာမို့ အခုအချိန်မှာတော့ လူတိုင်းအသုံးပြုလို့မရနိုင်သေးပေမဲ့ နောက်ပိုင်းမှာတော့ အသုံးပြုလို့ရလာနိုင်မှာပါ။


                လက်ရှိမှာတော့ အလုပ်အကြောင်းလိုက်ရှာရင် အပေါ်ပုံကအတိုင်းပဲ အလုပ်ရှာဖွေရေး Websites တွေကိုပဲပြသပေးနေမှာဖြစ်ပါတယ်။ ဒီလိုပြနေတုန်းပဲဆိုရင်တော့ Google for Jobs ကိုအသုံးပြုလို့မရသေးပါဘူး။


                အပေါ်ပုံအတိုင်း Google ကနေ အလုပ်အကြောင်း ရိုက်ရှာလိုက်တဲ့အခါ Jobs ဆိုပြီးသေသေသပ်သပ်ပေါ်လာတာကိုမြင်ရပြီဆိုရင်တော့ ဒါဟာ Google for Jobs စ တင်အလုပ်လုပ်နေတဲ့ သဘောပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်း ပေါ်လာတဲ့ အလုပ်တွေကို Click နှိပ်လိုက်မယ်ဆိုရင်တော့ သက်ဆိုင်ရာ အလုပ်ခေါ်ယူထားတဲ့ Website ကိုပဲရောက်သွားမှာပါ။ နောက်ပိုင်းမှာတော့ Google ပေါ်ကနေပဲ CV တင်ပြီး တစ်ခါတည်း Job Apply လုပ်လို့ရလာမယ်လို့တော့ မျှော်လင့်ပါတယ်။

                Google for Business ဟာ အလုပ်ခေါ်ယူတဲ့ ကုမ္ပဏီ ဒါမှမဟုတ် Agency တွေအတွက်ကော၊ အလုပ်ရှာဖွေသူတွေအတွက်ကော နှစ်ဦးနှစ်ဖက်အဆင်ပြေစေမှာပါ။ Google မှာတစ်ချက်ရှာဖွေတာနဲ့ကို အလုပ်တွေတန်းစီပေါ်လာတဲ့အထိအောင် အထောက်အပံ့ပေးတော့မှာမို့ ဒါဟာလည်းစိတ်၀င်စားစရာကောင်းတဲ့ Feature တစ်ခုပါပဲ။ 

                Google ဟာ အနာဂတ်မှာ AI နည်းပညာနဲ့အတူ လူနေမှုအဆင့်အတန်းတွေကို မြင့်မားလာအောင်ကူညီဖို့ ကြိုးစားနေတဲ့အပြင် Google Services တွေကို All-in-One အနေနဲ့ စုံစုံညီညီဖြစ်လာအောင်လည်း အဘက်ဘက်ကနေ ကြိုးစားနေတဲ့ Technology ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 

References
Android Police
About Author
Assinged Tags
Google Google App Google Services Google for Jobs Jobs Apply Jobs Recruit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed