Instagram Direct Message မှာ ပုံတွေကို Crop မဖြစ်ပဲ ပို့နိုင်တော့မည်

date_range 27 May 2017

Instagram Direct Message မှာ ပုံတွေကို Crop မဖြစ်ပဲ ပို့နိုင်တော့မည်

visibility 50 Views

                Instagram Direct ကနေ ပုံတွေကို ပို့တဲ့အချိန်မှာ Landscape (သို့) Portrait ပုံတွေကို Square အနေနဲ့ Crop ပြီးပဲ ပို့လို့ရခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Instagram ကနေပြီးတော့ သူတို့ရဲ့ Instagram Direct မှာ Landscape နဲ့ Portrait ပုံတွေကို Crop လုပ်စရာမလိုပဲ မူရင်းပုံအတိုင်းပို့လို့ရပြီ ဆိုတဲ့အကြောင်း ကြေငြာခဲ့ပါတယ်။

                နောက်ထပ်တစ်ချက် ပြောင်းလဲထားတဲ့အချက်တစ်ခုကတော့ Instagram Direct မှာ Website Link တွေ ပေးပို့တဲ့အချိန်မှာလည်း Website Preview အနေနဲ့ ပြသပေးတော့မှာပါ။ ဒါက Website Link တွေတင်မဟုတ်ပဲ ဖုန်းနံပါတ် ဒါမှမဟုတ် လိပ်စာ တစ်ခုခုပေးပို့လိုက်တဲ့အချိန်မှာလည်း Link တွေအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

                အထက်ပါ Features တွေကို iOS နဲ့ Android မှာ Instagram app version 10.22 ကနေ စတင်ပြီး ရရှိလာမှာဖြစ်ပါတယ်။ လောလောဆယ်တော့ iOS အတွက် Update ထွက်ရှိနေပြီးဖြစ်ပြီးတော့ Android အတွက်ကတော့ မကြာခင် Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Instagram Photos Instagram Direct
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed