Instagram မှာ Live Videos တွေကို Save လုပ်ထားနိုင်ပြီ

date_range 22 March 2017

Instagram မှာ Live Videos တွေကို Save လုပ်ထားနိုင်ပြီ

visibility 300 Views

                Instagram မှာ Live Video တစ်ခု လွှင့်ပြီးသွားတာနဲ့ အဆိုပါဗီဒီယိုကို ကိုယ့်ဖုန်းထဲ ပြန်သိမ်းထားနိုင်မယ့် Feature သစ်တစ်ခုကို Instagram က ယနေ့ပဲ ထည့်သွင်းပေးလိုက်ပါပြီ။

                Android အတွက်ကော iOS အတွက်ပါ ယနေ့ထွက်ရှိလာတဲ့ Instagram update မှာ အဆိုပါ Feature စတင် ပါဝင်လာတာဖြစ်ပြီး၊ Instagram ကနေ Live လွှင့်ရတာ ကြိုက်တဲ့သူတွေအတွက် တော်တော်အဆင်ပြေမှာပါ။

                ဘာလို့လည်းဆိုတော့ Instagram မှာက Facebook လို မဟုတ်ဘဲ Live လွှင့်တယ်ဆိုရင်၊ လွှင့်ပြီးတာနဲ့ ဗီဒီယိုက အလိုလိုပျက်သွားတာ ဖြစ်ပါတယ်။ လွှင့်တဲ့သူကော တခြားသူတွေပါ ဘယ်နည်းနဲ့မှ ပြန်ကြည့်လို့မရပါဘူး။ အခုတော့ Save လုပ်ထားနိုင်တာကြောင့် Live လွှင့်တဲ့သူအနေနဲ့ ကိုယ့်ဗီဒီယိုကို ပြန်လည်ကြည့်ရှုနိုင်တော့မှာပါ။


“ ဒီနေ့ (အင်္ဂါနေ့) က စတင်ပြီးတော့ Live လွှင့်ပြီးတာနဲ့ ကိုယ့် Live Video ကို Save လုပ်ထားနိုင်မယ့် စွမ်းဆောင်ရည်ပါဝင်လာမှာပါ။ Live Videos တွေက အရင်အတိုင်းပဲ လွှင့်ပြီးတာနဲ့ App ကနေ ပျောက်သွားမှာဖြစ်ပေမယ့်၊ ယခု Update မှာတော့ အဆိုပါဗီဒီယိုတွေကို နောက်တစ်ချိန် ပြန်လည့်ကြည့်ရှုနိုင်ဖို့ သိမ်းထားနိုင်တော့မှာပါ။ ကိုယ် Live လွှင့်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားစရာတစ်ခုခု ဖြစ်သွားခဲ့ရင်၊ အမှတ်တရ ပြန် Share လို့ ရမှာပါ”

                လို့ ကုမ္ပဏီက Blog မှာ ရှင်းပြထားပါတယ်။

                အားနည်းချက်တစ်ခုကတော့ Live Video တွေကို လွှင့်တဲ့သူကပဲ Save လုပ်နိုင်တာဖြစ်ပြီး၊ ဒီတိုင်းကြည့်နေတဲ့ သူတွေကတော့ လုပ်နိုင်မှာမဟုတ်ပါဘူး။

“ Live လွှင့်တာပြီးသွားပြီဆိုရင် ညာဘက်အပေါ်ထောင့်က “Save” ဆိုတာလေးကို နှိပ်ပြီး သိမ်းထားနိုင်ပါတယ်။ ဒါပေမယ့် ဗီဒီယိုပဲ Save လုပ်ထားနိုင်တာဖြစ်ပြီး၊ Likes ၊ Comments ၊ ကြည့်တဲ့သူအရေအတွက်တို့ကိုတော့ Save လုပ်နိုင်မှာမဟုတ်ပါဘူး။”

                ဒီ Feature ပါဝင်လာတဲ့ Instagram ဗားရှင်းကတော့ 10.12 ဖြစ်ပြီး၊ Google Play Store ကော Apple App Store မှာပါ အခုပဲ Download ပြုလုပ်နိုင်ပါပြီ။

References
Instagram Blog
About Author
Assinged Tags
Applications iOS Android App Instagram Download Live Video
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed