ဘယ်ဓာတ်ပုံရဲ့ စတိုင်ကိုမဆို တုပကူးယူနိုင်ပြီဖြစ်တဲ့ Adobe Alogrithm

date_range 03 April 2017

ဘယ်ဓာတ်ပုံရဲ့ စတိုင်ကိုမဆို တုပကူးယူနိုင်ပြီဖြစ်တဲ့ Adobe Alogrithm

visibility 540 Views

                ဓာတ်ပုံတစ်ပုံကို  ကျွမ်းကျွမ်းကျင်ကျင် ခြယ်လှယ်ပြုပြင်တဲ့နေရာမှာ Adobe ရဲ့ Photoshop က စံချိန်စံညွှန်း ရှိပြီးသားပါ။ ခုအသစ်ထွက်ရှိလာတဲ့ အဆင့်မြှင့်တိုးတက်မှုတစ်ခုကလည်း စံ toolkit တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး ပြိုင်ဘက်တွေကို အလဲထိုးနိုင်တော့မယ်လို့ ယူဆရပါတယ်။

                Adobe နဲ့ Cornell တို့က သုတေသီတွေဟာ "Deep Photoshop Style Transfer" လို့ခေါ်တဲ့ နည်းပညာတစ်ရပ်ကို ဖန်တီးဖို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနည်းပညာက ဓာတ်ပုံတစ်ပုံမှာစိမ့်ဝင်နေတဲ့ အနှစ်သာရကို ခိုးယူပြီး နောက်ထပ်ပုံတစ်ပုံဆီ ကူးပြောင်းပေးနိုင်တာပါပဲ။ အလင်းအမှောင်ကအစ ဓာတ်ပုံတစ်ပုံရဲ့ သွင်ပြင်၊ အဓိက ပါဝင်မှုတွေအားလုံးကို ကူယူနိုင်တာပါပဲ။ တကယ့်ကို အံ့အားသင့်စရာပါ။ 

                ဒီ feature ကို တည်ဆောက်ဆဲဖြစ်ပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေကဖော်ပြထားတဲ့ နည်းပညာစာတမ်းတစ်ခုအဖြစ် ထွက်ပေါ်လာပါပြီ။ အလင်းအမှောင်၊ အရောင်အသွေး၊ ကွာခြားမှုတွေကို တိတိကျကျ တုပနိုင်ဖို့အတွက် ရှုပ်ထွေးလှတဲ့ alogrithm နဲ့ ကိုယ်ကူးယူလိုက်တဲ့ပုံရော၊ ထည့်သွင်းလိုက်တဲ့ပုံကိုပါ တိတိကျကျ စုံစမ်းသိရှိဖို့အတွက် ချိန်ညှိနိုင်ပါတယ်။ 

                သုတေသနစာတမ်းမှာပါတဲ့ နမူနာလက်ရာတွေကို တစ်ချက်ကြည့်ကြည့်လိုက်ရအောင်။ 


                ဓာတ်ပုံဆရာတွေအတွက်တော့ တော်တော်လေးအသုံးဝင်မယ့် တကယ့်ကိုအထင်ကြီးလေးစားဖွယ် tool တစ်ခုပါ။ ဒီ Intelligent Alogrithm ကို Adobe ရဲ့ Apps ဒါမှမဟုတ် Software တွေမှာ ထည့်သွင်းအသုံးပြုနိုင်၊ မပြုနိုင်ဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုချက်တော့ မရသေးပါဘူး။ Adobe ကြီးကံကောင်းပါစေဆိုပြီး ကျွန်တော်တို့ ဆုတောင်းနေပါ့မယ်။ 

References
bgr techspot
About Author
Assinged Tags
Applications Artificial Intelligence Photos Software
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed