Subtitle Files တွေအသုံးပြုပြီး မည်သည့် Device ကိုမဆို တိုက်ခိုက်ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိ

date_range 26 May 2017

Subtitle Files တွေအသုံးပြုပြီး မည်သည့် Device ကိုမဆို တိုက်ခိုက်ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိ

visibility 3560 Views

                Security Firm တစ်ခုဖြစ်တဲ့ Check Point Software Technologies ကုမ္ပဏီက Researchers တွေဟာ Media Players တွေမှာ အသုံးပြုတဲ့ Subtitle Files တွေထဲမှာ Virus ထည့်ပေးထားပြီး၊ အဲ့ဒီ့ Subtitle Files တွေကို မိမိစက်ထဲမှာရှိတဲ့ Media Player တစ်ခုခုနဲ့ ဖွင့်လိုက်တဲ့အခါမှာ မိမိရဲ့စက်ကို တိုက်ခိုက်ထိန်းချုပ်နိုင်တဲ့ Cyber-Security Threat တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တရားဝင်ကြေငြာထားပါတယ်။

                ဆက်လက်ပြီး ဒီ Cyber-Security Threat ဟာ ကမ္ဘာပေါ်မှာရှိတဲ့ Electronic Device တွေအားလုံးထဲကမှ စက်အလုံးရေပေါင်း တစ်သန်းလောက်ထိ ကူးစက်ပြီးပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဘာကြောင့် ဒီ Threat က ကူးစက်ဖို့အရမ်းမြန်တာလဲဆိုတော့ Virus ကို Subtitle File ထဲမှာ ပူးတွဲထည့်ပေးထားလို့ပါ။

                Subtitle File ဆိုတော့ သိကြတဲ့အတိုင်းပဲ Text File လေးပဲဆိုပြီး Antivirus Software အကုန်လုံး မစစ်ဆေးပဲ ကျော်သွားကြပါတယ်။ နောက်ပြီး၊ ပိုဆိုးတာက Media Player တွေကလည်း Subtitle File ဖြစ်ပြီဆိုတာနဲ့ Virus ရှိလား၊ မရှိလား မစစ်ဆေးတော့ပဲ ချက်ချင်းဖွင့်ပေးလိုက်တာပါပဲ။

                ဒီ Threat ဟာ အခုလတ်တစ်လော လူသုံးများတဲ့ Media Player တွေဖြစ်တဲ့ VLC, Kodi (XBMC), Popcorn Time, Streamio စတာတွေအကုန်လုံးမှာ ကူးစက်နေပြီဖြစ်ပါတယ်။ VLC ကတော့ ပိုဆိုးပါတယ်။ ဒီကောင်က လူသုံးအများဆုံး Open-Source Media Player ဖြစ်ပြီး Windows Platform တစ်ခုထဲမှာတင် Download လုပ်တဲ့အကြိမ်အရေအတွက် သန်း ၁၇၀ တောင်ရှိတယ်ဆိုတော့ ပိုဆိုးသွားပါတယ်။

                Check Point ကုမ္ပဏီရဲ့ သုတေသနနှင့် အကောင်အထည်ဖော်ရေးအဖွဲ့ခေါင်းဆောင် Omri Herscovici ကတော့

“ကျနော်တို့အားလုံး Online ပေါ်မှာရှိသမျှ Subtitle File တွေအားလုံးကို စစ်ဆေးမှုတွေလုပ်ပြီးပါပြီ။ အခုအချိန်ထိကတော့ ဒီ Threat ကိုအသုံးပြုပြီး တိုက်ခိုက်တာတွေတော့ သတင်းမကြားရသေးပါဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်ထားမှပဲ စိတ်ချရပါလိမ့်မယ်။ ကြိုတင်ကာကွယ်ဆိုတဲ့နေရာမှာလည်း ဒီလိုမျိုး Cyber-Security Threat တွေက တစ်နေ့တစ်မျိုး မရိုးရအောင် ထွက်နေတာဆိုတော့ End-Users တွေအနေနဲ့ မိမိသုံးတဲ့ ဘယ် Software ကိုမဆို Update ပုံမှန်လုပ်ပေးဖို့တော့ လိုအပ်ပါတယ်”

လို့ ပြောကြားထားပါတယ်။

                အခု Threat ဟာ အရမ်းအန္တရာယ်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင့်ကို မိမိစက်မှာ Run မိပြီဆိုရင် နောက်ထပ်လည်း Virus ပါတဲ့ Subtitle File တွေကိုလည်း အလိုအလျောက် သွင်းပေးသွားမှာဖြစ်တဲ့အပြင် ပိုဆိုးတာက ဆိုးရွားလှပါတယ်ဆိုတဲ့ Ransomware (Ransomware ဘယ်လောက်ဆိုးလဲဆိုတာကို ဒီလင့်ခ် မှာ ဖတ်ရှုပါ) ကိုပါ မိမိစက်ထဲကို Install လုပ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဒုက္ခပေးနိုင်တဲ့ အချက်တွေအများကြီး ရှိပါသေးတယ်။

                Check Point အနေနဲ့ အခု Threat ကို တွေ့ရှိလျှင်၊ တွေ့ရှိခြင်းမှာပဲ VLC Team ကို ဆက်သွယ်ခဲ့ပါတယ်။ တုန့်ပြန်မှုအားကောင်းတဲ့ VLC Team က ချက်ချင်းပဲ Security Fix ကို ထုတ်ပေးခဲ့ပါတယ်။ TechX Team လည်း ဒီသတင်းဖတ်ပြီးပြီးခြင်း VLC ကို Update လုပ်ကြည့်တဲ့အခါမှာအောက်ကပုံမှာ ပြထားတဲ့အတိုင်းပဲ VLC Team အနေနဲ့ အခု Threat အကြောင်းကို အနည်းငယ်ရှင်းပြထားပြီး၊ အခု VLC Update က Major Update ဖြစ်ကြောင်း Security Fixes များ ပါဝင်ကြောင်းကိုလည်း ရှင်းပြထားတာကို တွေ့ခဲ့ရပါတယ်။

                ဒီက VLC အသုံးပြုသူတွေအနေနဲ့ Help ထဲက Check For Update ကိုနှိပ်ပြီး မိမိရဲ့ VLC Player ကို Update လုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ VLC မသုံးသူတွေကလည်း မိမိအသုံးပြုနေတဲ့ Media Player တွေကို Update လုပ်ကြပါလို့ TechX Team က အကြံပြုလိုက်ပါတယ်။

References
Gadgets 360 EWeek
About Author
Assinged Tags
Virus Anti-Virus Cyber Security
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed