ကိုယ်ပိုင် Robot တီထွင်ချင်သူတွေအတွက် Intel ရဲ့ Euclid ကွန်ပျူတာ

date_range 24 May 2017

ကိုယ်ပိုင် Robot တီထွင်ချင်သူတွေအတွက် Intel ရဲ့ Euclid ကွန်ပျူတာ

visibility 5050 Views

                Intel အနေနဲ့ Laptop တွေ၊ Desktop တွေအတွက် Processor တွေ အမျိုးမျိုးထုတ်လုပ်နေတဲ့အပြင် Robot တွေကို ထိန်းချုပ်၊ ခိုင်းစေနိုင်တဲ့ Developemnt Kit တစ်ခုကိုလည်း ထုတ်လုပ်သွားဖို့အစီအစဉ်ရှိတယ်လို့ မနှစ်ကတုန်းက ကြေငြာခဲ့ပါတယ်။

                ဒီနေ့ မေလ ၂၄ ရက်နေ့မှာတော့ Intel က ကိုယ်ပိုင် Robot တီထွင်ချင်သူတွေအတွက် Euclid ဆိုတဲ့ ကွန်ပျူတာကို တရားဝင်ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။

                ဒီကွန်ပျူတာလေးမှာ Atom x7-8700 Quad-Core Processor ကို တပ်ဆင်ထားပြီး RAM အနေနဲ့ 4GB ပါရှိမှာ ဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ Robot ကို ထိန်းချုပ်နိုင်မယ့် Program တွေကိုသာ ထည့်သွင်းရမှာဆိုတော့ Storage Space များများစားစားတော့ မထည့်ပေးထားပါဘူး။ 32GB ပဲ ရရှိမှာ ဖြစ်ပါတယ်။

                ဒီကွန်ပျူတာလေးရဲ့ အထူးခြားဆုံးလို့ ပြောရမယ့် Feature တစ်ခုကတော့ Built-In ပါဝင်တဲ့ Camera ပဲ ဖြစ်ပါတယ်။ ဒီ Camera ဟာ Real Sense ZR 300 Depth Camera ဖြစ်ပါတယ်။

                Sensor တွေအနေနဲ့ Motion Sensors, Location Sensors, Ambient Light Detector, Barometer, Thermal Sensor တို့အပြင် Noise-Canceling Microphone တစ်လုံး၊ Mono Speaker တစ်လုံးတို့လည်း ပါရှိမှာဖြစ်ပါတယ်။

                ဆက်လက်ပြီး Connectivity ပိုင်းကိုပြောရမယ်ဆိုရင်၊ Wi-Fi, Blutooth အပြင် Micro HDMI Port လည်း ပါဝင်တာကြောင့် ဒီကွန်ပျူတာလေးကို Setup လုပ်တဲ့အခါမှာ Computer နဲ့ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

                Robot တီထွင်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်တာကြောင့် ဒီ ကွန်ပျူတာလေးဟာ Ubuntu 16.04 နှင့်အတူ ROS (Robot Operating System) နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ROS (Robot Operating System) ဆိုတာဟာ Robot တွေကို ခိုင်းစေ၊ ထိန်းချုပ်နိုင်အောင် ရေးသားထားတဲ့ Operating System တစ်ခုဖြစ်ပါတယ်။

                ဒီကွန်ပျူတာလေးမှာ Robot တီထွင်သူတွေအတွက် OS တွေ၊ Sensors တွေစုံစုံလင်လင်ပါဝင်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ Euclid ကို ဝယ်ယူချင်တယ်ဆိုရင်တော့ Intel Website မှာ Preorder မှာယူနိုင်ပြီး မေလကုန်မှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Intel Euclid Robot Operating System Robot Development Kit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed