မေလ ၂၅ ရက်နေ့မှာ Xiaomi Mi Max 2 ထွက်ရှိမှာဖြစ်ကြောင်း ကုမ္ပဏီ အတည်ပြု

date_range 22 May 2017

မေလ ၂၅ ရက်နေ့မှာ Xiaomi Mi Max 2 ထွက်ရှိမှာဖြစ်ကြောင်း ကုမ္ပဏီ အတည်ပြု

visibility 4300 Views

                Xiaomi ပရိတ်သတ်တွေ စောင့်မျှော်လင့်နေတဲ့ Mi Max 2 စမတ်ဖုန်း အမှန်တကယ်ထွက်ရှိလာတော့မှာပါ။

                မေလ ၂၅ ရက်နေ့၊ တရုတ်နိုင်ငံမှာ Mi Max 2 စမတ်ဖုန်းကို မိတ်ဆက်ပေးသွားမှာဖြစ်ကြောင်း၊ Xiaomi ကုမ္ပဏီက အတည်ပြုပြောကြားလိုက်ပြီဖြစ်ပြီး၊ Mi Max 2 အကြောင်းတွေချည်း တင်ဆက်ပေးမယ့် Webpage တစ်ခုကိုလည်း ဖွင့်လှစ်ပေးလိုက်ပါတယ်။

                အဆိုပါ Dedicated Website မှာ ဖော်ပြထားချက်တစ်ချို့အရ Mi Max 2 ဖုန်းဟာ အရင် Mi Max တုန်းကလိုပဲ မျက်နှာပြင် ၆ လက်မကျော်ရှိမှာဖြစ်ပြီး၊ Mi Max ထက် ဘက်ထရီပိုများသွားကာ 5000mAh ဘက်ထရီ ပါဝင်လာမယ်လို့ သိရပါတယ်။

                ကောလဟာလသတင်းတွေအရတော့ Mi Max 2 ကို RAM 4GB နဲ့ Snapdragon 626 SoC မော်ဒယ်၊ RAM 6GB နဲ့ Snapdragon 660 SoC ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်သွားမှာဖြစ်ကာ၊ စျေးနှုန်းကတော့ ၁၄၉၉ ယွမ် ( မြန်မာငွေ သုံးသိန်းဝန်းကျင် ) နဲ့ ၁၆၉၉ ယွမ် ( မြန်မာငွေ သုံးသိန်းခွဲခန့်) ရှိနိုင်တယ်လို့ သိရပါတယ်။

                ဒီဇိုင်းပိုင်းအနေနဲ့တော့ ထူးထူးခြားခြားပြောင်းလဲမှုမျိုး မရှိနိုင်ဘဲ၊ USB Type-C ပါဝင်လာနိုင်တာရယ်၊ ဖုန်းအောက်ဘက်မှာ စပီကာပေါက်နှစ်ခုဖြစ်သွားတာရယ်ပဲ ပြောင်းလဲမှုရှိနိုင်ပါတယ်။

                Mi Max တုန်းက မြန်မာနိုင်ငံမှာ လူကြိုက်များ၊ အောင်မြင်မှုရခဲ့သလိုမျိုး၊ Mi Max 2 က ခြေရာနင်းနိုင်မလားဆိုတာကတော့ မေလ ၂၅ ရက်နေ့ ( နောက်လေးရက်အကြာ) ဆို သိရတော့မှာပါ။

References
Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphones Android Smartphones Mi Max 2 Mi Max
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed