Android အသုံးပြုသူအတော်များများ Lock Screen Security နဲ့ Device Encryption များကို ပိုမိုအသုံးပြုလာ

date_range 22 May 2017

Android အသုံးပြုသူအတော်များများ Lock Screen Security နဲ့ Device Encryption များကို ပိုမိုအသုံးပြုလာ

visibility 800 Views

                Android အသုံးပြုသူများအတွက် Security ပိုင်းဟာ အဓိကကျတာကြောင့် ကိုယ့် Data တွေအလွယ်တကူ Access မရယူနိုင်ဖို့အတွက်လည်း Secuirty Updates အမြောက်အများလိုအပ်ပါတယ်။ ပြီးတော့ Lock Screen Secuirty အသုံးပြုမှုနဲ့ Device Encryption feature ကိုအသုံးပြုမှုဟာလည်း ပိုပြီးအရေးပါပါတယ်။ ဒါဟာ User ဘက်မှ ကြိုတင်ကာကွယ်ရမယ့်အပိုင်းဖြစ်ပါတယ်။

                Device Encryption နဲ့ Lock Screen Security ကိုတော့ Google ကနေပြီး Android Nougat အသုံးပြုသူတွေထဲကမှ စစ်တမ်းကောက်ယူခဲ့တာမှာ Lock Screen Security ကိုအသုံးပြုသူဟာ 70% ရှိပြီး Device Encryption ကိုအသုံးပြုနေသူဟာ 80% ရှိတယ်လို့ Google I/O ပွဲမှာ Security ပိုင်းနဲ့ပတ်သက်ပြီး တင်ပြသွားခဲ့ပါတယ်။


               ဒီနေရာမှာမေးစရာရှိပါတယ်။ ဘာလို့များ Device Encryption ကိုပိုမိုအသုံးပြုကြပြီး Lock Screen Security ကိုအသုံးမပြုကြတာပါလဲ။ ဒါကလည်း သိပ်ပြီးတော့မထူးဆန်းပါဘူး။ Android Nougat မှာ Full device encryption ကို Default အနေနဲ့သတ်မှတ်ထားခဲ့လို့ပါ။ တကယ်ဆိုရင်တော့ 100% ဖြစ်နေရမှာမှန်ပေမဲ့လည်း Marshmallow ကနေ Upgrade ပြုလုပ်ပြီး Nougat ကိုတက်လာတဲ့ အသုံးပြုသူများအဖို့ကတော့ Device Encryption ဟာ Default ဖြစ်မနေတာကြောင့် 80% အနေနဲ့လျော့နည်းနေတာပဲဖြစ်ပါတယ်။ 

                Marshmallow အသုံးပြုသူများအနေနဲ့ကတော့ Device Encryption အသုံးပြုသူဟာ 25% ပဲရှိပါတယ်။ ဒါပေမဲ့လည်း အနာဂတ်မှာတော့ Android အသုံးပြုသူများအဖို့ Nougat ကနေ စ ပြီး Device Encryption ဟာ Auto Default ဖြစ်နေမှာမို့ 100% ဖြစ်ဖို့ရာ မဝေးတော့တဲ့အခြေအနေမှာရှိပါတယ်။ 

                Lock Screen Security အသုံးပြုသူများအနေနဲ့ Marshmallow မှာတော့ 60% လောက်သာရှိခဲ့ပြီး Nougat ပေါ်မှာတော့ 70% ထိတက်လာခဲ့ပါတယ်။ Lock Screen Security ဟာ User အသုံးပြုမှုအပေါ်ပိုပြီးမူတည်တာမို့ ဒီလိုအသုံးပြုမှုမြင့်တက်လာတာကလည်း ၀မ်းသာစရာတစ်ခုပါပဲ။ Fingerprint Sensor တွေဖုန်းမှာပါ၀င်လာတာမို့ Device Security အတွက် လက်ကလေးထိလိုက်တာနဲ့ ပွင့်သွားလို့ လူအတော်များများ Lock Screen Security ကိုပါတွဲလျက် အသုံးပြုမိသွားတာကြောင့်လည်း မြင့်တက်လာတာဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီလို Device Security တွေအတွက် Feature တွေသာများပြားလာခဲ့ရင်၊ ပိုမိုလွယ်ကူလာမယ်ဆိုရင်လည်း Lock Screen Security အသုံးပြုမှုဟာ ဒီထက်ပိုမြင့်လာမယ်လို့ဆိုပါတယ်။ 

                ဘယ်လိုပဲဖြစ်ဖြစ် စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေတာမို့ Personal Data တွေကော၊ အလုပ် Data တွေ နဲ့ တခြားလူမသိစေချင်တဲ့ Bank Information တွေသိမ်းဆည်းထားတတ်တာမို့ Device Security ပိုမိုကြံ့ခိုင်အောင် Lock Screen Security နဲ့ Device Encryption Feature များကိုအသုံးပြုပြီး မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်လာအောင် ကာကွယ်ထားသင့်ပါတယ်။  

References
Android Central
About Author
Assinged Tags
Google Android Security Cyber Security Mobile Security Google Security related Android Phone Device Certification Lock Screen Device Encryption Google Services
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed