Kotlin ကို Google မှ Android အတွက် Official Programming Langugage တစ်ခုအနေနဲ့ထည့်သွင်း

date_range 18 May 2017

Kotlin ကို Google မှ Android အတွက် Official Programming Langugage တစ်ခုအနေနဲ့ထည့်သွင်း

visibility 350 Views

                Google ဟာ Kotlin Programming Language ကို Android Programming Language တစ်ခုအနေနဲ့ Google I/O ပွဲမှာ စ တင်မိတ်ဆက်ခဲ့ပါတယ်။ Kotlin ဟာ Statically Typed Programming Language တစ်ခုဖြစ်ပြီး JVM (Java Virtual Machine) [Server-side Development] နဲ့ Javascript တွေကိုလည်း Support ပေးထားတဲ့ Language တစ်ခုလည်းဖြစ်ပါတယ်။ Google မှလည်း Kotlin Language ကို “First-Class” အနေနဲ့လည်း သတ်မှတ်ပေးထားခဲ့ပါတယ်။


                Kotlin ကို အဓိက Sponsor ပေးထားတာကတော့ JetBrains ကုမ္ပဏီပဲဖြစ်ပြီး Software Vendor တွေအတွက် Tools မျိုးစုံထုတ်လုပ်ပေးနေသလို Android Studio ကို Support ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ Android Studio 3.0 မှာ Kotlin စ တင်ပါ၀င်လာမှာပဲဖြစ်ပြီး JetBrains နဲ့ Google ဟာ Kotlin Language နဲ့ပတ်သက်တဲ့ Development တွေကို အဓိကထား Support ပေးဖို့အသင့်ဖြစ်နေပါပြီ။

                 Android ဟာ JVM ကို သိပ်အသုံးမပြုပေမဲ့ Java Programming Language ဟာလည်း Android ရဲ့အဓိက Programming Language တစ်ခုအနေနဲ့ပါ၀င်နေတာကြောင့် Java နဲ့ Exchange Information ပြုလုပ်နိုင်သလို သူ့ထက်လည်းကောင်းတဲ့ Features တွေအများကြီးပါ၀င်တဲ့ Kotlin Programming Language ကို Android အတွက် Support ပေးဖို့ အားသာခဲ့တာပဲဖြစ်ပါတယ်။ (အသေးစိတ် နှိုင်းယှဉ်မှုတွေကိုတော့ ဒီ Link မှာ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)

                Apple ကနေ Developed လုပ်ခဲ့ပြီးနောက်ပိုင်းမှာ Open Source ဖြစ်သွားခဲ့တဲ့ Swift Programming Language လိုတော့ Google က Kotlin ကိုပိုင်ဆိုင်မှာမဟုတ်ပါဘူး။ Kotlin ဟာ JetBrains ရဲ့လက်အောက်မှာပဲ Development တွေဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး Google မှ Android အတွက် Supporting Partner အနေနဲ့ပဲ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ Kotlin မှလည်း လက်ရှိ Android၊ Javascript နဲ့ JVM အပြင် တခြား Platform တွေအတွက်ပါ ဆက်လက်ပြီး Development တွေပြုလုပ်သွားဖို့ရှိပါတယ်။


References
The Verge JetBrains
About Author
Assinged Tags
Android Android App Android Operating System Kotlin Programming Language Android Programming Programming Language Multiplatform
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed