Samsung Galaxy J5 နဲ့ J7 (2017) Model များအတွက် Specifications ထွက်ရှိလာ

date_range 18 May 2017

Samsung Galaxy J5 နဲ့ J7 (2017) Model များအတွက် Specifications ထွက်ရှိလာ

visibility 7500 Views

                Samsung J series တွေဟာ S နဲ့ Note series တွေလောက် ပေါ်ပြူလာမဖြစ်တဲ့ မော်ဒယ်နိမ့် series တစ်ခုဖြစ်ပေမဲ့ စျေးနှုန်းသင့်တင့်ပြီး Quality ကောင်းမွန်တာကြောင့် လူကြိုက်များကြပါတယ်။ Samsung Galaxy J3 (2017) ကို လွန်ခဲ့တဲ့နှစ်ရက်က မိတ်ဆက်ခဲ့အပြီးမှာတော့ အခုအခါမှာ Samsung J5 နဲ့ J7 (2017) ရဲ့ Specification အချို့ ထွက်ရှိလာပါတယ်။


                Galaxy J5 နဲ့ J7 (2017) ရဲ့ ဒီဇိုင်းဟာဆိုရင် အရင်ထွက်ရှိထားတဲ့ 2016 ပုံစံနဲ့ တခြားစီပါပဲ။ အရှေ့ပိုင်းကတော့ Samsung Galaxy S7 နဲ့ဆင်တူပြီး 2.5D glass နဲ့အတူ Home button ဟာလည်း အရင်ကအတိုင်းမဟုတ် တော့ပဲ Fingerprint scanner ပါတဲ့ Home Button အဖြစ်ပြောင်းလဲသွားမှာပါ။ Samsung Galaxy J5 နဲ့ J7 (2017) မှာပါ၀င်မယ့် Touchwiz interface ကတော့ Samsung Galaxy S8 မှာပါ၀င်တဲ့ Touchwiz ပုံစံပဲဖြစ်ပါတယ်။ Body တွေကလည်း Plastic Body ကို Metal frame ဘေးပတ်လည်ပုံစံအစား Full Metal Body အနေနဲ့ ပြောင်းလဲထားမှာပဲဖြစ်ပါတယ်။ 


                Specifications အရကတော့ Samsung Galaxy J5 (2017) မှာဆိုရင် 5.2 လက်မ Full HD AMOLED screen၊ Octa-core Exynos 7870 processor အမျိုးအစား၊ RAM 2GB၊ Internal storage 16GB၊ 3,000 mAh battery နဲ့အတူ 13 Megapixel Camera ကို အရှေ့ကော အနောက်ကောပါ၀င်မှာပဲဖြစ်ပြီး အရှေ့ ဘက် Camera မှာပါ Flashlight ပါ၀င်လာမှာပဲဖြစ်ပါတယ်။ အနောက်ဘက် Camera ရဲ့ Aperture က f/1.7 ဖြစ်ပြီး အရှေ့ဘက် Camera ကတော့ f/1.9 ရှိပါတယ်။ Android Nougat လည်းပါ၀င်လာမှာဖြစ်ပါတယ်။ 


                Galaxy J7 (2017) မှာသိသိသာသာပြောင်းလဲသွားတာကတော့ RAM 3GB ဖြစ်ပြီး Battery အနေနဲ့လည်း 3,600 mAh ထိတိုးမြှင့်ပေးထားတာကို တွေ့မြင်ရမှာပါ။ တခြားပြောင်းလဲမှုတွေကတော့ Galaxy J5 (2017) နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ Processor နဲ့ Internal storage မပြောင်းလဲသွားတာကတော့ J7 (2017) ရဲ့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ 

                Galaxy J5 နဲ့ J7 (2017) ဟာ ဇွန်လပိုင်းလောက်မှာ ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပြီး စျေးနှုန်းတွေအနေနဲ့ကတော့ J5 (2017) အတွက် $310 နဲ့ J7 (2017) အတွက် $377 လောက် ကျသင့်မယ်လို့ သိရှိရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Samsung Android Android Smartphones Android Phone Samsung Galaxy J5 2017 Samsung Galaxy J7 2017 Samsung Phone Specifications Samsung Galaxy J5 Samsung Galaxy J7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed