“iPhone 7 နဲ့ ကင်မရာရိုက်နည်း” Webpage အသစ်တစ်ခုကို Apple မိတ်ဆက်

date_range 15 May 2017

“iPhone 7 နဲ့ ကင်မရာရိုက်နည်း” Webpage အသစ်တစ်ခုကို Apple မိတ်ဆက်

visibility 550 Views

                Apple ဟာ လွန်ခဲ့တဲ့ကြာသပတေးနေ့က ၎င်းတို့ရဲ့ Website မှာ "How to shoot on iPhone 7" လို့ အမည်ပေးထားတဲ့ Webpage အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

                အဆိုပါ Webpage မှာ iPhone 7 ရဲ့ ကင်မရာကို အသုံးချပြီး၊ အကောင်းမွန်ဆုံးဓာတ်ပုံတွေကို ရိုက်ကူးနိုင်မယ့် နည်းလမ်းတွေ၊ အကြံပေးချက်တွေကို ဗီဒီယိုအတိုလေးတွေ နဲ့တကွ တင်ဆက်ပေးထားတာ တွေ့ရပါတယ်။

                လောလောဆည်မှာ Close-up ရိုက်နည်း၊ Portrait ရိုက်နည်းစတဲ့ ဓာတ်ပုံရိုက်နည်းပေါင်း ၁၇ မျိုးတိတိကို ဗီဒီယိုနဲ့တကွ လေ့လာကြည့်ရှုနိုင်ပါတယ်။

                Apple ဟာ အဆိုပါ ဗီဒီယိုတွေထဲက တစ်ချို့ကို သူတို့ YouTube Channel မှာလည်း ပြန်တင်ထားပြီး၊ ဗီဒီယိုအပြည့်အစုံကိုတော့ How to Shoot on iPhone 7 Webpage မှာပဲ ကြည့်ရှုနိုင်မှာပါ။

                Apple အနေနဲ့ iPhone 7 Camera အကြောင်းကို ဒီလိုတကူးတက Webpage တစ်ခုအနေနဲ့ တင်ဆက်တာဟာ User တွေဘက်က ဖုန်းကို ကောင်းကောင်းအသုံးချနိုင်အောင် ပညာပေးတာဖြစ်သလို၊ iPhone ရဲ့ စွမ်းဆောင်ရည်ကိုလည်း တဖက်လှည့်နဲ့ ကြေငြာလိုက်တာဖြစ်ပါတယ်။


References
9to5Mac
About Author
Assinged Tags
How To iPhone 7 Plus iPhone 7 Camera Photography
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed