Windows 10 အတွက် ဒီဇိုင်းအသစ် “Fluent Design System” ကို Microsoft မိတ်ဆက်

date_range 13 May 2017

Windows 10 အတွက် ဒီဇိုင်းအသစ် “Fluent Design System” ကို Microsoft မိတ်ဆက်

visibility 1960 Views

                Microsoft ဟာ မေလ ၁၁ ရက်နေ့က Seattle မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Build developers conference မှာ Windows 10 အတွက် Design Language အသစ် “Fluent Design System” ကို တရားဝင်မိတ်ဆက်ပြသသွားခဲ့ပါတယ်။

                အရင်က Project Neon လို့ လူသိများခဲ့တဲ့ Fluent Design System ဟာ Aero Glass နဲ့ Metro တို့ပြီးနောက် Microsoft ရဲ့ တတိယမြောက် Design Language ဖြစ်ပြီး၊ လာမယ့် Windows 10 Major Update “ Fall Creators Update” မှာ ပါဝင်လာမှာပါ။ Fall Creators Update ထွက်မယ့် ရက်အတိအကျကိုတော့ Microsoft ဘက်က ကြေငြာခဲ့ခြင်းမရှိပေမယ့်၊ Fall ဆိုတဲ့အတိုင်း ဒီနှစ်ကုန်ပိုင်း (စက်တင်ဘာ - ဒီဇင်ဘာ) မှာ ထွက်ရှိလာနိုင်ပါတယ်။

                “Fluent Design System” မှာ Light, Depth, Motion, Material နဲ့ Scale ဆိုတဲ့ အဓိကအခြေခံသဘောတရား ငါးခု ကို အသုံးချသွားမှာဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။ Fundamental Elements တွေကတော့ Google ရဲ့ Material Design နဲ့ အတူတူနီးပါးဖြစ်ပြီး၊ Material Design လို Shadow တော့ မပါပါဘူး။ Microsoft အနေနဲ့ ဒီဇိုင်းစည်းမျဉ်းစည်းကမ်းတွေ (Design Principles) ကိုတော့ အသေးစိတ်မကြေငြာရသေးဘဲ၊ Principles တွေကတော့ တူမှာမဟုတ်လောက်ပါဘူး။


                Microsoft အနေနဲ့ သူတို့ရဲ့ Fluent Design အသစ်ကို Windows 10 တစ်ခုတည်းမှာပဲ အသုံးချသွားမှာ မဟုတ်ဘဲ၊ ဖုန်း Apps တွေ၊ Xbox နဲ့ HoloLens လို AR Headsets တွေမှာပါ အသုံးချသွားမှာဖြစ်ပါတယ်။

                Windows 10 Fall Creatos Update မှာ ပါလာမယ့် Microsoft Apps တွေကနေ စတင်ကာ Fluent Design ကို တဖြည်းဖြည်းချင်း အသုံးချသွားဖို့ရှိပြီး၊ iOS နဲ့ Android က Microsoft Apps တွေလည်း မကြာမီ Fluent Design နဲ့ ဖြစ်လာတော့မှာပါ။

References
ZDnet
About Author
Assinged Tags
Microsoft Windows 10 Fluent Design System Fall Creators Update Design Language
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed