Uber ကို ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်ပြီ

date_range 11 May 2017

Uber ကို ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်ပြီ

visibility 2650 Views

                အငှားတက္ကစီ service တစ်ခုဖြစ်တဲ့ Uber ဟာ International Company တစ်ခုဖြစ်သလို နိုင်ငံအတော်များများမှာ အသုံးပြုနိုင်တဲ့ တက္ကစီ Service တစ်ခုလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ Uber service ဟာ ရန်ကုန်မြို့မှာလည်း စတင်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ 

                Uber app ကို Android နဲ့ iOS မှာအသုံးပြုနိုင်ပြီး Android မှာဆိုရင် Google Play Store မှာ ဒေါင်းလုပ်ရယူနိုင်ပြီး iOS အတွက်ဆိုရင်တော့ iOS App Store မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Account ဖွင်ဖို့လိုအပ်ပြီး မိမိဖုန်းနံပါတ်နှင့်အတူ E-mail account တစ်ခုလည်းလိုအပ်မှာဖြစ်ပါတယ်။ E-mail account ကိုတော့ Gmail အသုံးပြုပြီး Register လုပ်နိုင်ပါတယ်။ 

                တက္ကစီငှားမယ်ဆိုပါက Where To? ကိုနှိပ်လိုက်ရုံပါပဲ။ တက္ကစီငှားရာမှာလည်း GPS System နဲ့ ကိုယ်ရောက်နေတဲ့ Location ကနေသွားမယ့်နေရာကို စာရိုက်အသုံးပြုနိုင်သလို Map ပေါ်မှာလည်း Pin Point ပြုလုပ်နိုင်ပါတယ်။


                Uber တက္ကစီတွေရဲ့ Live Location များကိုလည်းမြင်တွေ့နိုင်မည်ဖြစ်ပြီး အပြင်သွားဖို့ခေါ်ယူထားပါကလည်း ကိုယ့်ကိုလာခေါ်မည့် Taxi Driver ရဲ့နာမည်နဲ့ Live Location နှင့်အတူ ရောက်ရှိမယ့်အချိန်နဲ့ ဘယ်လောက်ကျသင့်မယ် ဆိုတာကိုလည်း ခန့်မှန်းဖော်ပြပေးထားမှာပဲဖြစ်ပါတယ်။ 

                Driver ကသတ်မှတ်ထားတဲ့ Arrival Location ကိုရောက်ရှိလာပြီဆိုပါက Notification အချက်ပြမှာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Cash ပေးချေမှုသာ အဆင်ပြေနိုင်ဖွယ်ရှိပေမဲ့ နောက်ပိုင်းမှာတော့ Payment Method များနဲ့အတူ Credit/Debit Card များအသုံးပြုနိုင်လာမှာပဲဖြစ်ပါတယ်။

References
TechX News
About Author
Assinged Tags
Android iOS Android App Uber Uber Myanmar iOS App Related Taxi Service
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed