Quick Charge 4.0 အသုံးပြုနိုင်ပြီး၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာတဲ့ Snapdragon 660 နဲ့ 630 SoC အသစ်တွေကို မိတ်ဆက်

date_range 09 May 2017

Quick Charge 4.0 အသုံးပြုနိုင်ပြီး၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာတဲ့ Snapdragon 660 နဲ့ 630 SoC အသစ်တွေကို မိတ်ဆက်

visibility 350 Views

                Qualcomm ဟာ တန်ဖိုးကြီးတွေဖုန်းမှာပဲ ကျနော်တို့ တွေ့မြင်ခဲ့ရတဲ့ အမြင့်စားစွမ်းဆောင်ရည်တွေကို တန်ဖိုးသင့်စမတ်ဖုန်းတွေဆီ ယူဆောင်ပေးနိုင်မယ့် SoC (System-on-a-chip) အသစ်နှစ်မျိုးကို ယနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။

                Snapdragon 660 နဲ့ 630 လို့ အမည်ပေးထားတဲ့ SoC ဟာ Mid-range စမတ်ဖုန်းတွေမှာ အဓိကအသုံးပြုမယ့် ချစ်ပ်တွေဖြစ်ပြီး၊ Qualcomm ဟာ အရင်ကပြောကြားခဲ့ဖူးသလိုပဲ အသစ်ထွက်မယ့် Budget SoC တွေကို Processor နာမည်တပ်ပြီး၊ ရောင်းမှာမဟုတ်တော့ဘဲ၊ Mobile Platforms ဆိုပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

                660 နဲ့ 630 ဟာ မနှစ်ကထွက်ရှိထားတဲ့ Snapdragon 652 နဲ့ 625 ကို Upgrade လုပ်ထားတဲ့ SoC တွေဖြစ်ပြီး၊ ကောင်းမွန်တဲ့အချက်က ပိုမိုအဆင့်မြင်တဲ့ Processor Manufacturing Processor 14nm Process ကို အသုံးပြုထားတာဖြစ်ပါတယ်။ Processor အရွယ်အစား ပိုမိုသေးငယ်သွားပေမယ့်၊ စွမ်းဆောင်ရည်ပိုကောင်းလာမှာဖြစ်သလို၊ ဘက်ထရီအသုံးပြုမှုလည်း သက်သာသွားပြီး၊ အဆင့်မြင့် Feature တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

                Snapdragon 835 SoC မှာ အသုံးပြုနိုင်တဲ့ Quick Charge 4.0 နည်းပညာကို ယခု 660 နဲ့ 630 SoC နှစ်ခုလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ CPU ကော GPU ပိုင်းပါ ပိုမိုစွမ်းဆောင်ရည်မြင့်လာပါတယ်။ Quick Charge 4.0 ဟာ အရင် 3.0 နည်းပညာထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မှာဖြစ်ပါတယ်။

                600 စီးရီး SoC တွေမှာ ပထမဆုံးအနေနဲ့ Kyro CPU , X12 Modem နဲ့ Machine Learning Algorithm တွေကို ထည့်သွင်းပေးထားပြီး၊ 660 SoC ရဲ့ Octa-core Kyro 260 CPU က အရင် 600-series CPU တွေထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ 630 CPU ကတော့ Octa-core A53 CPU ပဲဖြစ်ပြီး၊ Kyro CPU မဟုတ်ပေမယ့် အရင် 626 SoC ထက် ၁၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်မှာ ဖြစ်တယ်လို့ Qualcomm က ဆိုထားပါတယ်။


                Snapdragon 820 မှာ အသုံးပြုခဲ့တဲ့ X12 LTE Modem ကို အခု 600 စီးရီး SoC အသစ်နှစ်မျိုးမှာ တွေ့မြင်ရမှာဖြစ်ပြီး၊ အမြင့်ဆုံး Download Speed 600Mbps အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

                SoC အသစ်နှစ်ခုလုံးမှာ ကင်မရာပိုင်းနဲ့ ဗီဒီယိုပိုင်း တော်တော်အဆင့်မြင့်လာပြီး၊ 24-megapixel ကင်မရာဆန်ဆာအထိ Support လုပ်ပေးလာနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုတွေကိုလည်း 4K Ultra HD Resolution (30FPS) အထိ ရိုက်ကူးလာနိုင်မှာဖြစ်တာကြောင့် 4K Video ရိုက်ကူးနိုင်တဲ့ Mid-range စမတ်ဖုန်းတွေကို မကြာမီမြင်တွေ့လာနိုင်ပါတယ်။

                660 ကော 630 SoC တွေမှာ LPDDR4 RAM 8GB အထိ အများဆုံးအသုံးပြုနိုင်မှာဖြစ်ပြီး၊ Snapdragon 835 SoC လိုပဲ Bluetooth 5.0 လည်း ပါဝင်မှာဖြစ်တာကြောင့် Mid-Range SoC တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး SoC တွေ ဖြစ်လာမှာပါ။

                Qualcomm အနေနဲ့ 660 Mobile Platforms တွေကို လက်ရှိမှာ ထုတ်လုပ်ရောင်းချနေပြီဖြစ်ပြီး၊ Snapdragon 630 ကိုတော့ ယခုလကုန်လောက်မှာ စတင်,တင်ပို့ရောင်းချမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်စမတ်ဖုန်းတွေမှာ ဒီ SoC အသစ်တွေ သုံးထားလဲဆိုတာကိုတော့ ကြေငြာခဲ့ခြင်းတော့ မရှိပါဘူး။

Snapdragon 660 နဲ့ 630 SoC တွေရဲ့ Specifications အပြည့်အစုံကို ယခုနေရာတွေကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ (Snapdragon 660 , Sanpdragon 630

References
AnandTech
About Author
Assinged Tags
Qualcomm Snapdragon Processor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed