အနာဂတ်စမတ်ဖုန်း တွေမှာ တခြား Device တွေကို Electromagnetic Fields နဲ့ ထိန်းချုပ်လာနိုင်မလား

date_range 09 May 2017

အနာဂတ်စမတ်ဖုန်း တွေမှာ တခြား Device တွေကို Electromagnetic Fields နဲ့ ထိန်းချုပ်လာနိုင်မလား

visibility 300 Views

                NFC Technology ဟာ Communication Protocol တစ်ခုအဖြစ် Android Smartphone အတော်များများမှာ Support ပေးလာခဲ့ပြီး အခု နောက်ထပ်ထွက်ရှိလာမယ့် NFC အမျိုးအစားတွေက ဒီ Function တွေထက်ပိုတဲ့ Electromagnetic Emissions Sensing တွေပါ ပါ၀င်လာနိုင်ဖွယ်ရှိပါတယ်။

                Carnegie Mellon University ရဲ့ Future Interface Group ဟာဆိုရင် Android Phone တွေကနေပြီးတော့ ကိုယ့်ရဲ့ Smart TV ၊ Smart Fridge ၊ Smart Door Lock ၊ Printer ၊ Projectors ၊ Smart Lighting System နဲ့ တခြား Device တော်တော်များများကို ထိတွေ့လိုက်ရုံနဲ့ သတ်မှတ်ထားတဲ့ Manufacturer’s app တွေကနေ Control လုပ်နိုင်မှာပါ။ သုံးရတာလည်း ရိုးရှင်းပါတယ်။ 


                ဒီ Technology ဟာဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုရင် ကွန်ပျုတာမှ PDF ဖိုင်လေးကိုဖွင့်ထားရုံနဲ့ အဲ့ဖွင့်ထားတဲ့ဖိုင်ကို Monitor မှာကပ်လိုက်တာနဲ့တင် Copy တန်းကူးယူနိုင်ပြီး ဖုန်းထဲမှာ Selection မှတ်ထားတဲ့ Keywords တွေကိုလည်း Copy/Paste အနေနဲ့ ကွန်ပျုတာက Clipboard ထဲကိုပါကူးထည့်လို့ရတာကို Demo Video မှာပြသထားပါတယ်။ Smart TV နားမှာ ဖုန်းကိုကပ်ပေးလိုက်ရုံနဲ့ ကိုယ်လက်ရှိဖွင့်နေတဲ့ Media တွေကို Streaming လုပ်ပေးနိုင်မှာပါ။ 

                ဒါဟာ Smartphone တွေမှာပါတဲ့ NFC ရဲ့ နောက်ထပ် Generation အသစ်တစ်ခုလား? ဒီနည်းပညာဟာ လက်ရှိစမ်းသပ်ဆဲဖြစ်နေပေမယ့် နောင်တစ်ချိန်မှာ အသုံး၀င်မယ့်နည်းပညာတစ်ခုလားဆိုတာကိုတော့ မျှော်လင်စောင့်စားရဦးမှာပဲဖြစ်ပါတယ်။ 




References
Engadget
About Author
Assinged Tags
Android Android Phone NFC Related Next Generation Devices Electromagnetic Fields Related Communication Protocols Related Android Technology Related
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed