အသေးဆုံး Android Smartphone အသစ်ဖြစ်တဲ့ Jelly မှာ Nougat နှင့်အတူ 4G Network ကိုပါ Support ပေးမည်

date_range 08 May 2017

အသေးဆုံး Android Smartphone အသစ်ဖြစ်တဲ့ Jelly မှာ Nougat နှင့်အတူ 4G Network ကိုပါ Support ပေးမည်

visibility 2350 Views

                Unihertz ကုမ္ပဏီမှနေပြီးတော့ Kickstarter သုံးပြီး Jelly Smartphone အသစ်ကိုမိတ်ဆက်ပေးခဲ့ပြီးနောက်မှာတော့ အင်တာနက်မှာ Jelly နဲ့ Jelly Pro ကိုလူသိများလာခဲ့ပါတယ်။ 

                Screen size 2.45 inch နဲ့ 240x432 display ရှိတဲ့ Jelly Smartphone ဟာ သေးငယ်သလောက် Android Nougat 7.1.1 ပါ၀င်လာမည့်အပြင် 4G LTE Network ကိုပါ Support ပေးမှာဖြစ်ပါတယ်။ Quality အထူးကောင်းမွန်တဲ့အပြင် အကြမ်းခံအောင် သေချာစမ်းသပ်ပြီးမှ ထုတ်လုပ်မှာမို့လို့ Backup ဖုန်းတစ်လုံးအနေနဲ့ပဲဖြစ်ဖြစ်၊ ခရီးတွေဘာတွေသွားတဲ့အခါ အိတ်ဆောင်ဖုန်းပဲဖြစ်ဖြစ် အသုံးပြုလို့ရမှာပါ။

                Dual-Sim ဖြစ်ပြီး Camera ကတော့ Back က 8MP နဲ့ Front ကတော့ 2MP ပါ၀င်ပါတယ်။ Jelly မှာကတော့ RAM 1GB နဲ့ Internal 8GB ပါ၀င်ပြီး Jelly Pro မှာတော့ RAM 2GB နဲ့ Internal 16GB ပါ၀င်မှာဖြစ်ပါတယ်။  SD Card slot လည်းပါ၀င်မှာဖြစ်ပြီး Up to ဘယ်လောက် GB ထိ Support ပေးမှာလည်းဆိုတာကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ 

                ဘယ်နေရာပဲရောက်ရောက် ဘယ်အိတ်ကပ်ထဲမဆို အလွယ်တကူထည့်သွားနိုင်တဲ့ Jelly Smartphone လေးကိုတော့ $79 ကနေ စ ပြီးရောင်းချပေးမယ်လို့လည်းဆိုပါတယ်။ 




References
Android Authority
About Author
Assinged Tags
Smartphones Android Nougat Jelly 4G Smallest Smartphone Jelly Pro Unihertz Android Phone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed