Facebook ဒေတာအသုံးပြုမှုကို ၅၀ ရာခိုင်နှုန်းအထိ ချွေတာပေးမယ့် Feature အသစ်ပါဝင်လာတဲ့ Opera Max 3.0

date_range 08 May 2017

Facebook ဒေတာအသုံးပြုမှုကို ၅၀ ရာခိုင်နှုန်းအထိ ချွေတာပေးမယ့် Feature အသစ်ပါဝင်လာတဲ့ Opera Max 3.0

visibility 900 Views

                Opera Software ကုမ္ပဏီဟာ Android အတွက် ထုတ်ပေးထားတဲ့ Data Management and Privacy app တစ်ခုဖြစ်တဲ့ “Opera Max” အတွက် Update အသစ်ကို မေလ ၆ ရက်နေ့ (မနေ့က) ထုတ်ပေးလိုက်ပါတယ်။

                Opera Max (v3.0.31) မှာ UI အကုန်နီးပါး ပြောင်းလဲပစ်လိုက်မှုအပြင်၊ တခြားအသုံးဝင်မယ့် Feature အသစ်တွေဖြစ်တဲ့ ကိုယ် App အသုံးပြုမှုပုံစံအလိုက်၊ ဒေတာချွေတာနိုင်မယ့် Function တွေကို အလိုအလျောက်ရွေးချယ်ဖော်ပြပေးမယ့် Card လေးတွေနဲ့၊ Facebook Data Savings တို့ ပါဝင်လာတာ တွေ့ရပါတယ်။

                ဒီက Android User တွေအတွက် အသင့်တော်ဆုံး Feature ကတော့ Facebook Data Savings ဖြစ်မယ်ထင်ပါတယ်။ Opera ရဲ့ အဆိုအရ ဒီ Feature နဲ့ Facebook သုံးမယ်ဆိုရင် ကျနော်တိုတို့ ပုံမှန်အတိုင်း Facebook App ကနေ သုံးတာထက် ဒေတာ ၅၀ ရာခိုင်နှုန်းအထိ ချွေတာပေးနိုင်တယ်လို့ သိရပါတယ်။ 

                အသုံးပြုချင်တယ်ဆိုရင် Opera Max 3.0 ကို Google Play ကနေ အရင်ဆုံး Download ဆွဲကာ၊ App ထဲက Home section မှာ မြင်တွေ့ရတဲ့ Facebook Data Savings ကို Try it လုပ်ကြည့်လိုက်ပါ။ ဒီအခါ VPN အလိုအလျောက်ချိတ်ဆက်ာ Opera Browser ကနေ  Facebook ကို Web version အသုံးပြုရမှာဖြစ်ပါတယ်။ အလိုအလျောက် Data Saving လုပ်ပေးမှာဖြစ်သလို၊ ကိုယ့်စိတ်ကြိုက် Facebook မှာ မြင်တွေ့ရမယ့် ပုံအရည်အသွေး၊ ဗီဒီယိုအရည်အသွေးတွေကိုလည်း ချိန်ညှိနိုင်ပါတယ်။ Data Savings for Facebook ကို နောက်တစ်ခါ အလွယ်တကူပြန်လည်အသုံးပြုဖို့အတွက် ကိုယ့်ဖုန်း Home Screen မှာ Shortcut လည်း ထားပေးဦးမှာဆိုတော့ ရိုးရိုး Facebook App သုံးရတဲ့ Experience နဲ့တော့ သိပ်ကွာခြားမှုရှိမှာမဟုတ်ပါဘူး။

                Opera Max 3 မှာ တခြား Feature တွေဖြစ်တဲ့ App တစ်ခုချင်းဆီရဲ့ လုံခြုံရေးပိုင်းဆိုင်ရာအန္တရာယ်ကို ကြည့်ရှုစစ်ဆေးနိုင်တာ၊ App တစ်ခုချင်းစီရဲ့ Mobile ဒါမှမဟုတ် Wi-Fi ဒေတာအသုံးပြုမှုအတိအကျကို ကြည့်ရှုနိုင်တာ၊ အများသုံး Wi-Fi တွေနဲ့ ချိတ်ဆက်သုံးရာမှာ ကိုယ့်အတွင်းရေးဒေတာတွေကို ကာကွယ်ပေးနိုင်တာ စတဲ့ Feature အသစ်တွေ ပါဝင်လာပါတယ်။

“ Opera Max အသစ်က ခင်ဗျားတို့ရဲ့ ဒေတာအသုံးပြုမှုနဲ့ App ပိုင်းဆိုင်ရာ လုံခြုံရေးတို့ကို ကိုယ်တိုင်ကိုင်တွယ်နိုင်အောင် စွမ်းဆောင်ပေးနိုင်မယ့်လို့ မျှော်လင့်ပါတယ်။ ဒီအဆင့်မြင့် Feature  အသစ်တွေဟာ စွမ်းဆောင်ရည်မြင့်မားသလောက်၊ အခုကျနော်တို့ Max 3.0 Design အသစ်နဲ့ဆို သုံးရလည်း တော်တော်လွယ်ကူမှာဖြစ်ပါတယ်” လို့ Opera ကုမ္ပဏီက Blog Post မှာ ရေးသားဖော်ပြခဲ့ပါတယ်။

                Android User တွေအနေနဲ့ Opera Max 3.0 ကို Google Play ကနေ တိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Android App Opera Opera Max Data Management App Privacy Data Saving
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed