Oppo မှ “Selfie ဘုရင်” Dual Selfie Camera ဖုန်းအမျိုးအစားသစ် F3 အား စတင်မိတ်ဆက်

date_range 05 May 2017

Oppo မှ “Selfie ဘုရင်” Dual Selfie Camera ဖုန်းအမျိုးအစားသစ် F3 အား စတင်မိတ်ဆက်

visibility 300 Views

                Oppo F1S တွင်လူသိပိုမိုများပြားလာခဲ့သော “Selfie ဘုရင်” Title နဲ့အတူ ရေပန်းစားခဲ့တဲ့ Oppo ဟာ ယခုအခါ နောက်ထပ် မော်ဒယ်အသစ် Oppo F3 စမတ်ဖုန်းကို ယနေ့ (မေလ ၄ ရက်နေ့)၊ ညနေ ၄ နာရီက မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ 

                Group Selfie လို့အမည်ပေးထားတဲ့ Dual Selfie Camera Feature အသစ်တစ်ခုပါဝင်လာပြီး Selfie-stick များမလိုတော့လောက်အောင်ပင် ထူးထူးခြားခြားကောင်းမွန်သော Feature တစ်ခုလို့ Oppo က ဆိုထားပါတယ်။

                Oppo F3 ရဲ့ Dual Selfie Camer မှာ တစ်လုံးက 16-megapixel f/2.0 Aperture Sensor ဖြစ်ပြီး၊ နောက်ကင်မရာတစ်ခုကတော့ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 120-degree Wide-Angle f/2.4 Lens နဲ့ ဖြစ်ပါတယ်။ နောက်ကင်မရာကတော့ 13MP 1/3-inch Sensor, F/2.2 Lens နဲ့ ဖြစ်ပါတယ်။

                တစ်ယောက်တည်းရိုက်ဖို့နဲ့ Group လိုက်ရိုက်ဖို့အတွက် Selfie Option နှစ်မျိုးပါဝင်လာမှာဖြစ်ပါတယ်။ Group Selfie ကို ဒီဖုန်းရဲ့ Main Feature အနေနဲ့ Oppo က အကောင်းဆုံး တင်ဆက်ပြသသွားတာကိုတွေ့ရပါတယ်။

                တခြားအရည်အသွေးများအဖြစ် Beautify 4.0 နှင့် Bokeh effect များပါဝင်ပြီး Light sensor များပါဝင်လာပါတယ်။ နေပူထဲမှာရိုက်တဲ့အခါလည်း ပုံအရည်အသွေးများ ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။

                စခရင်အရွယ်အစားကတော့ ၅.၅ လက်မရှိပြီး နောက်ဆုံးပေါ် Corning Gorilla Glass 5 ကိုအသုံးပြုထားတဲ့အတွက်လည်း အမြင့်ပေ ၁.၆ မီတာက ပြုတ်ကျမှုကို ၈၀ ရာခိုင်နှုန်းအထိ ခံနိုင်ရည်ရှိမှာပါ။

                Oppo ရဲ့ ပြောကြားချက်အရ F3 စမတ်ဖုန်းဟာ နေပူထဲမှာလည်း ဖုန်း Screen ဟာကြည်လင်တောက်ပစွာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Display ကတော့ FullHD Resolution နဲ့ဖြစ်ပြီး In-cell Display Technology ကြောင့် သာမန် Screen များထက်အနည်းငယ်ပိုမိုပါးလွှာပါတယ်။

                Fingerprint sensor မှာပိုမိုကောင်းမွန်လာပြီး ၀.၂ စက္ကန့်အတွင်းဖုန်းကို မြန်မြန်ဆန်ဆန် Unlock ပြုလုပ်နိုင်မှာမို့လို့ အရေးတကြီးအသုံးလိုတဲ့အခါ နဲ့ အလုပ်အမြဲရှုပ်နေတဲ့သူတွေအတွက် ပိုမိုအဆင်ပြေမှာပါ။

                Design အနေအထားအရ F1S ပုံစံကိုပဲ အနည်းငယ် Modified ပြုလုပ်ထားတာမို့ Design ပိုင်းကတော့ သိပ်မထူးခြားဘဲ၊ ဖုန်းနောက်ကျောကို Metal surface နဲ့ပြုလုပ်ထားပါတယ်။

                ဖုန်း Processor အနေနဲ့တော့ MT6750T Octa-Core Processor ကိုအသုံးပြုထားပြီး RAM 4GB နှင့် Internal storage မှာ 64GB ပါဝင်ပါတယ်။

                Triple-Slot Tray ဖြစ်တာကြောင့် Sim card နှစ်ကတ်အပြင် SD Card ပါသပ်သပ်ထပ်စိုက်လို့ရမှာမို့ Sim Card နှစ်ကတ်လည်းသုံး SD Card ထဲမှာလည်း Data တွေထည့်ထားသူတွေအတွက် အဆင်ပြေမှာပါ။ Sim Slot နှစ်ခုစလုံးကို Nano slot တွေချည်းသုံးထားပါတယ်။ Cellular Network မှာ 2G/3G/4G အကုန်လုံးကို Support ပေးပါတယ်။

                OS ပိုင်းအနေနဲ့ Color OS 3.0 ထည့်သွင်းထားပြီး Android Version ကတော့ 6.0 (Marshmallow) နဲ့ပါ။

                ဖုန်းရဲ့ အလေးချိန်က ၁၅၃ ဂရမ် ခန့်ရှိပြီး အထူက ၁၅၃.၃၃ မီလီမီတာပဲ ရှိပါတယ်။ F1S ဖုန်းထက် ၂၇ ရာခိုင်နှုန်း ပိုမိုပါးလွှာသွားမှာပါ။ Battery ကတော့ 3200 mAh Battery ပါ။

                Oppo F3 စမတ်ဖုန်းကို ယနေ့ မေလ ၅ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး၊ ကျပ် ၄၁၉,၀၀၀ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Pre-Order မှာယူတဲ့လူတွေအတွက် Bluetooth Headset တစ်လုံးနဲ့ Selfie Stick တစ်ခု လက်ဆောင်ရမှာလို့ သိရပါတယ်။

References
TechX Myanmar
About Author
Assinged Tags
Smartphones OPPO Dual Front Camera Smartphone Oppo F3
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed