၂၀၁၉ ခုနှစ်မှာ Internet Access ပေးနိုင်မယ့် ဂြိုလ်တုတွေကို လွှတ်တင်သွားဖို့ စီစဉ်နေတဲ့ SpaceX

date_range 04 May 2017

၂၀၁၉ ခုနှစ်မှာ Internet Access ပေးနိုင်မယ့် ဂြိုလ်တုတွေကို လွှတ်တင်သွားဖို့ စီစဉ်နေတဲ့ SpaceX

visibility 200 Views

                SpaceX အနေနဲ့ Mars ပေါ်မှာ လူသားတွေ အခြေချနေထိုင်နိုင်ဖို့ ကြိုးစားနေတယ်ဆိုပေမယ့် ကမ္ဘာပေါ်ကလူသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း မမေ့သေးပါဘူး။

                SpaceX က တာဝန်ရှိသူတွေဟာ စီစဉ်ထားတဲ့ Broadband Infrastructure ကို အမေရိကန်နိုင်ငံလွှတ်တော်ထံ တင်ပြခဲ့ပါတယ်။ ဒီ Broadband Intrastructure မှာတော့ Internet Access ပေးနိုင်မယ့် ဂြိုလ်တုတွေကို ၂၀၁၉ ခုနှစ်မှာ အာကာသထဲသို့ လွှတ်တင်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်းလုံးကို Internet Access ပေးနိုင်မယ့် Broadband Network တစ်ခုကို ရရှိမှာဖြစ်တယ်လို့ ပါရှိပါတယ်။

 SpaceX ရဲ့ Patricia Cooper ကတော့ 

“SpaceX အနေနဲ့ ဒီနှစ်ထဲမှာပဲ ရှေ့ပြေးပုံစံ ဂြိုလ်တုတစ်လုံးကို လွှတ်တင်သွားမှာဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း အလားတူပဲ နောက်ထပ် ရှေ့ပြေးပုံစံ ဂြိုလ်တုတစ်လုံးကို လွှတ်တင်သွားမှာပါ။

ဒီရှေ့ပြေးပုံစံ ဂြိုလ်တုနှစ်လုံးဟာ ကမ္ဘာတစ်ဝန်းလုံးကို Internet Access ပေးနိုင်တယ်ဆိုတာကို လက်တွေ့ပြသသွားဖို့ စမ်းသပ်လွှတ်တင်မှာဖြစ်ပြီး ဒီဂြိုလ်တုနှစ်လုံးစလုံး အောင်မြင်မှုရရှိတယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ်မှာ SpaceX က Broadband Network တစ်ခုကို တည်ဆောက်သွားမှာပါ။

၂၀၂၄ ခုနှစ်မှာတော့ နောက်ထပ်ဂြိုလ်တုတွေကို အစီစဉ်အလိုက် လွှတ်တင်သွားမှာဖြစ်ပြီး အဲ့ဒီ့အချိန်မှာတော့ Network က Full Capacity အနေအထားသို့ ရောက်ရှိမှာဖြစ်ပါတယ်။ 

SpaceX အနေနဲ့ ဒီ Project အတွက် ဂြိုလ်တုပေါင်း ၄,၄၂၅ လုံးကို အသုံးပြုသွားမှာဖြစ်ပြီး ဂြိုလ်တုအားလုံးကိုလည်း Falcon 9 လွန်းပျံယာဉ်တွေအသုံးပြုပြီး ကမ္ဘာ့ပတ်လမ်းကြောင်းထဲသို့ လွှတ်တင်သွားမှာပါ။

ဆက်လက်ပြီး ဒီ Broadband Network ကြီးတစ်ခုလုံးကို စောင့်ကြည့်ထိန်းချုပ်သွားမယ့် Control Center တွေ၊ Gateway Station တွေ၊ အခြား အဆောက်အဦးတွေကိုလည်း SpaceX က ဆောက်လုပ်သွားဦးမှာပါ။

ဒီ Project ကြီး အောင်မြင်သွားရင် ကမ္ဘာတစ်ဝန်းလုံးကို Internet Access ပေးနိုင်ဖို့အတွက် မြေကြီးတူးစရာ၊ တူးထားတဲ့မြေကြီးထဲကို Fiber Cable တွေမြုပ်စရာ၊ Cable ပျက်သွားရင်လည်း မြေကြီးပြန်တူးစရာ၊ ပြီးရင် ပြန်ဖို့စရာမလိုတော့ပါဘူး။”

လို့ ပြောကြားခဲ့ပါတယ်။

                ဒါပေမယ့် ဒီ Project မှာ ကောင်းကျိုးတွေပဲမဟုတ်ပဲ၊ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ဒီ Project ကြီး ဖြစ်မြောက်ဖို့အတွက် ဂြိုလ်တုပေါင်း ၄,၄၂၅ လုံး လိုအပ်မှာပါ။ ဒီအရေအတွက်ဟာ အခုလက်ရှိ ကမ္ဘာကိုပါတ်နေတဲ့ ဂြိုလ်တုအလုံးရေထက် များပါတယ်။

                ဒါကြောင့်၊​ ဒီ Project အတွက် ဂြိုလ်တုတွေလွှတ်တင်ပြီးသွားရင် ကမ္ဘာ့ပါတ်လမ်းကြောင်းထဲမှာ ဂြိုလ်တုတွေအရမ်းများနေမှာ ဖြစ်တာကြောင့် နောက်တစ်ချိန် ဂြိုလ်တုတစ်လုံး လွှတ်တင်ချင်တယ်ဆိုရင် အရမ်းခက်ခဲသွားမှာဖြစ်ပြီး၊ အရမ်းလည်း အန္တရာယ်များသွားမှာ ဖြစ်ပါတယ်။

                နောက်တစ်ချက်က ဂြိုလ်တုတွေများလာတာနဲ့အမျှ အမှိုက်တွေလည်း ပိုမိုထွက်ရှိလာမှာဖြစ်ပြီး အာကာသယာဉ်တွေအပြင်၊ နိုင်ငံတကာအာကာသစခန်းပါ ထွက်ရှိလာတဲ့အမှိုက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

                ဒီ Project ကြီးဟာ ကောင်းကျိုးလည်းပေးနိုင်သလို၊ ဆိုးကျိုးလည်းပေးနိုင်တာကြောင့် အောင်မြင်ခဲ့တယ်ဆိုရင်တောင်မှ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
SpaceX Falcon 9
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed