AirPods ကိုအသုံးပြုသူတွေဟာ စိတ်ကျေနပ်မှု ၉၈% ရရှိကြောင်း လေ့လာတွေ့ရှိ

date_range 02 May 2017

AirPods ကိုအသုံးပြုသူတွေဟာ စိတ်ကျေနပ်မှု ၉၈% ရရှိကြောင်း လေ့လာတွေ့ရှိ

visibility 1210 Views

                Creative Strategies နဲ့ Experian ဆိုတဲ့ ကုမ္ပဏီနှစ်ခု ပူးပေါင်းပြုလုပ်ခဲ့တဲ့ အသုံးပြုသူလေ့လာချက်များအရ Apple ရဲ့ AirPods တွေဟာ အသုံးပြုသူတွေကို စိတ်ကျေနပ်မှု ၉၈% ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

                ဒီလေ့လာမှုထဲမှာ AirPods အသုံးပြုသူ ၉၄၂ ယောက်ကို AirPods တွေကိုအသုံးပြုရတာ စိတ်ကျေနပ်မှု ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။ လေ့လာမှုကနေ ရရှိလာတဲ့ ရလာဒ်ကိုတော့ Creative Strategies ကုမ္ပဏီရဲ့ အွန်လိုင်းစာမျက်နာမှာ ဂရပ်တစ်ခုအနေနဲ့ ပြသထားခဲ့ပါတယ်။ ဒီဂရပ်ကို အောက်မှာဓာတ်ပုံအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။

 

                ဂရပ်ထဲမှာ ပြသထားတဲ့အတိုင်းပဲ အသုံးပြုသူတွေအားလုံးရဲ့ ၈၂% ဟာ အရမ်းကိုစိတ်ကျေနပ်မှုရရှိကြောင်း ဖြေကြားခဲ့ပြီး ၁၆% ကတော့ စိတ်ကျေနပ်မှုရရှိကြောင်း ဖြေကြားခဲ့ကြပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဒီလေ့လာမှုမှာ ပါဝင်ဖြေကြားခဲ့ကြတဲ့ AirPods အသုံးပြုသူတွေဟာ လုံးဝကိုမကြိုက်ဘူးလို့ မဖြေကြားခဲ့ကြတဲ့ အချက်ပဲဖြစ်ပါတယ်။

                Creative Strategies ရဲ့ ခွဲခြမ်းစိတ်ဖြာမှု အကြီးအကဲဖြစ်သူ Ben Bajarin က

“Apple က ထုတ်လုပ်တဲ့ နည်းပညာပစ္စည်းတွေထဲမှာ ပစ္စည်းသစ်ဖြစ်တဲ့ AirPods က စံချိန်သစ်ချိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ စိတ်ကျေနပ်မှု ရာခိုင်နှုန်း ၉၈% ရရှိခဲ့ပါတယ်။ ကျနော်တို့ လေ့လာတွေ့ရှိချက်များအရ အခုတစ်ခေါက်က ရာခိုင်နှုန်းအများကြီး ရရှိခဲ့တာပါ။

၂၀၀၇ ခုနှစ် iPhone က ၉၂%၊ ၂၀၁၀ ခုနှစ် iPad က ၉၂%၊ ၂၀၁၅ ခုနှစ် Apple Watch က ၉၇%၊ စသည်ဖြင့် Apple Product တွေဟာ အသုံးပြုသူတွေကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။”

လို့ ပြောကြားခဲ့ပါတယ်။

                ဆက်လက်ပြီး လေ့လာသူတွေဟာ နောက်ထပ်လည်း AirPods အသုံးပြုသူတွေကို AirPods ကို အသုံးပြုဖို့အတွက် အခြားအသုံးမပြုဘူးသေးတဲ့ နည်းပညာစိတ်ဝင်စားသူတွေကိုလည်း အကြံပြုချင်လားလို့ မေးမြန်းခဲ့ပါသေးတယ်။ 

                အသုံးပြုသူအများစုက အကြံပြုချင်ပါတယ်လို့ ဖြေကြားခဲ့တာကြောင့် AirPods ဟာ Net Promoter Score ၇၅ မှတ် ရရှိခဲ့ပါတယ်။ ဒီမေးမြန်းမှုကရရှိခဲ့တဲ့ နောက်ဆုံးရလာဒ်ကို အောက်ကဂရပ်မှာ ကြည့်ရှုနိုင်ပါတယ်။


                ဒီလိုမေးမြန်းခဲ့တာနဲ့ပက်သတ်ပြီး ကုမ္ပဏီနှစ်ခုလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက

“ကျနော်တို့ဟာ Standard Benchmark မေးခွန်းဖြစ်တဲ့ Net Promoter Score (NPS) ကို အသုံးပြုခဲ့ပါတယ်။ ဒီ Score ဟာ လက်ရှိအသုံးပြုနေသူ Customer က သူအသုံးပြုနေတဲ့ ပစ္စည်းကို အခြားသူတွေကိုရော အကြံပြုချင်လားလို့ မေးမြန်းခြင်းကနေ ရရှိလာတဲ့ ရလာဒ်တွေကို Rank ခွဲပေးတာပဲ ဖြစ်ပါတယ်။

AirPods ကပေးခဲ့တဲ့ ရလာဒ်က ကျနော့်ကို မျက်လုံးပြူးစေခဲ့ပါတယ်။ Apple ရဲ့ အဓိက Product ဖြစ်တဲ့ iPhone တောင် NPS Score ၇၂ မှတ်ပဲ ရရှိခဲ့ပါတယ်။ AirPods က ၇၅ မှတ်တောင်ရခဲ့တာဆိုတော့ ဒီအမှတ်ရရှိတဲ့ Product ဟာ ကမ္ဘာတန်းဝင်တယ်လို့ ပြောလို့ရပါတယ်။”

လို့ ပြောကြားခဲ့ပါတယ်။

                AirPods တွေဟာ အမေရိကန်ဒေါ်လာ ၁၅၉ ဒေါ်လာ တန်ဖိုးရှိပါတယ်။ စတင်မိတ်ဆက်တုန်းက နည်းပညာကျွမ်းကျင်သူတွေဟာ Negative Feedback တွေ ပေးခဲ့ကြပေမယ့် အသုံးပြုတွေဟာ ဒီလိုမျိုးစိတ်ကျေနပ်မှုရရှိခဲ့တယ်ဆိုတော့ Apple အတွက် ဒီသတင်းဟာ ဝမ်းသာစရာသတင်းတစ်ခုပဲ ဖြစ်မှာအသေအချာပါပဲ။

References
MacRumors AppleInsider
About Author
Assinged Tags
AirPods
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed