AirPods နဲ့ သီချင်းနားထောင်နေတုန်း မီးခိုးငွှေ့တွေထွက်လာပြီး ပေါက်ကွဲခဲ့တာကြောင့် စုံစမ်းမှုတွေ စတင် ပြုလုပ်နေရတဲ့ Apple

date_range 09 February 2018

AirPods နဲ့ သီချင်းနားထောင်နေတုန်း မီးခိုးငွှေ့တွေထွက်လာပြီး ပေါက်ကွဲခဲ့တာကြောင့် စုံစမ်းမှုတွေ စတင် ပြုလုပ်နေရတဲ့ Apple

visibility 1820 Views


                Jason Colon ဆိုသူဟာ Gym ကစားနေရင်းနဲ့ မီးခိုးငွှေ့အဖြူတွေ ထွက်လာတာကို အရင်ဆုံး သတိပြုမိပါတယ်။ ဒီမီးခိုးငွှေ့တွေ ဘယ်ကထွက်လာတာလည်း ကြည့်လိုက်မှ သူသီချင်းနားထောင်နေတဲ့ AirPods ကနေ ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီတော့ ချက်ချင်းပဲ နားထဲကနေ ဖြုတ်လိုက်ပြီး အားကစားပစ္စည်းတစ်ခုပေါ်မှာ တင်ထားခဲ့ပြီး အကူအညီ လိုက်ရှာခဲ့ပါတယ်။

                ဒါပေမယ့် အကူအညီရလို့ ပြန်ရောက်လာတဲ့ အချိန်မှာတော့ မီးခိုးငွှေ့တွေ မထွက်တော့ပဲ ညာဘက် AirPod ဟာ ပေါက်ကွဲထွက်နေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို ကြားကြားခြင်းမှာပဲ WFLA သတင်းဌာနကနေ Jason Colon ဆီ သွားရောက်မေးမြန်းခဲ့ရာမှာတော့

                “ကျနော့်ဘဝမှာ ဒါမျိုးတစ်ခါမှ မကြုံဖူးသေးပါဘူး။ ကျနော် အကူအညီရလို့ ပြန်လာတဲ့ အချိန်မှာ ညာဘက် AirPod က ပွင့်နေပြီဗျ။ ဘယ်လို ပေါက်ကွဲခဲ့လဲ ဆိုတာကိုတော့ မမြင်လိုက်ရပါဘူး။ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် မီးလောင်ပေါက်ကွဲထားတဲ့ လက္ခဏာကို တွေ့ရမယ်ဗျ”

လို့ ပြောကြားခဲ့ပါတယ်။

                အခုဖြစ်စဉ်မှာ Jason Colon အနေနဲ့ ကံကောင်းသွားတဲ့ အချက်တစ်ချက်က မီးခိုးငွှေ့တွေ ထွက်လာတာကို သိသိခြင်း နားထဲကနေ ဖြုတ်ပစ်လိုက်လို့ပါ။ မဟုတ်လို့ကတော့ ဘယ်ဘက်နားတစ်ခုလုံး ရစရာမရှိအောင်ကို ပျက်စီးသွားနိုင်ပါတယ်။ ဆက်လက်ပြီး Jason Colon က

                “ကျနော်ကတော့ Battery ကြောင့်ဖြစ်တယ်လို့ ထင်တယ်ဗျ။ ဒါပေမယ့် ဘာကိစ္စ ဘယ်ဘက် AirPod တစ်ခုပဲ ဖြစ်သွားတာလည်း ဆိုတာကိုတော့ ကျနော်လည်း မပြောတတ်ပါဘူး။ နောက်ပြီး ကျနော်ဖြစ်သလိုမျိုး တစ်ခြားသူတွေလည်း မဖြစ်ရအောင် Apple အနေနဲ့ အသုံးပြုနေသူတွေကို သတိပေးတာမျိုး လုပ်ပေးသင့်ပါတယ်”

လို့ ပြောခဲ့ပါသေးတယ်။

                WFLA ကနေပြီး Apple ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ Apple က ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက

                “Apple အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာပါ။ John Colon ကိုလည်း ဆက်သွယ် မေးမြန်းသွားမှာပါ”

လို့ ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။

References
9to5Mac
About Author
Assinged Tags
AirPods Battery Battery Issue Battery Explosion Apple Explosion Wireless Earphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed