မေလထဲမှာကျင်းပမယ့် Event မှာ Drone အသစ်ကို မိတ်ဆက်သွားဖွယ်ရှိတဲ့ DJI

date_range 27 April 2017

မေလထဲမှာကျင်းပမယ့် Event မှာ Drone အသစ်ကို မိတ်ဆက်သွားဖွယ်ရှိတဲ့ DJI

visibility 100 Views

                DJI အနေနဲ့ လာမယ့်မေလ ၂၄ ရက်နေ့၊ အမေရိကန်နိုင်ငံ New York မြို့မှာ ကျင်းပပြုလုပ်မယ့် Event အတွက် ဖိတ်စာတွေကို သက်ဆိုင်ရာသတင်းမီဒီယာတွေဆီ ပေးပို့လိုက်ပါတယ်။

                ဖိတ်စာတွေထဲမှာတော့ ဖိတ်ကြားကြောင်းပဲ ရေးသားထားပြီး၊ ဘာစ္စည်းတွေမိတ်ဆက်သွားမယ်၊ ဘာနည်းပညာသစ်တွေ ပါဝင်လာမယ်ဆိုတာတွေကိုတော့ ထည့်မရေးထားပါဘူး။ ဒါပေမယ့် ကောလဟာလသတင်းတွေအရဆိုရင်တော့ DJI အနေနဲ့ Drone အသစ်ကို မိတ်ဆက်သွားဖွယ်ရှိပါတယ်။

                DJI ရဲ့ Chinese Forum မှာ Spark လို့ခေါ်တဲ့ Drone အသစ်ရဲ့ ဓာတ်ပုံကို ဧပြီလအစတုန်းက တွေ့ရှိခဲ့ရပါတယ် (အောက်ကပုံမှာ ကြည့်ရှုပါ)။ ဒါကြောင့်မို့ အသစ်မိတ်ဆက်မယ့် Drone ဟာ အခုလက်ရှိ DJI ရဲ့ အသေးဆုံးနဲ့၊ Performace အကောင်းဆုံးဖြစ်တဲ့ Mavic Pro ထက်တောင်မှ ပိုပြီးသေးငယ်မယ်လို့ ယူဆရပါတယ်။ 


                DJI အနေနဲ့ ဒီဓာတ်ပုံထွက်ရှိပြီးနောက်မှာ Spark ဆိုတဲ့နာမည်ကိုပဲ မှတ်ပုံတင်ခဲ့တာကြောင့် ထွက်ရှိလာမယ့် Drone အသစ်ဟာ Spark ဆိုတဲ့နာမည်နဲ့ပဲ မိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ်။ ဓာတ်ပုံထဲကအတိုင်းပြောရမယ်ဆိုရင် Drone အသစ်မှာတပ်ဆင်ထားတဲ့ လက်တံတွေဟာ ခေါက်သိမ်းလို့တော့ရမယ် မထင်ပါဘူး။ ဒါပေမယ့်လည်း အခုဟာက ရှေ့ပြေးပုံစံပဲ ရှိသေးတာဆိုတော့ တကယ်ထွက်ရှိလာတဲ့အခါကျ ပုံစံတစ်မျိုးပြောင်းချင် ပြောင်းသွားနိုင်ပါတယ်။

                ဒီ Drone ကိုသာ တကယ်မိတ်ဆက်ခဲ့မယ်ဆိုရင်တော့ DJI အနေနဲ့ Hover Camera, Dobby အပြင် တခြား Selfie Drones တွေနဲ့လည်း ယှဉ်ပြိုင်ရောင်းချရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ ကျွမ်းကျင်သူတွေက အမေရိကန်ဒေါ်လာ ၁,၀၀၀ ဝန်းကျင်ရှိမယ်လို့တော့ ခန့်မှန်းထားကြပါတယ်။ 

References
The Verge
About Author
Assinged Tags
Drone Mavic Pro DJI
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed