သြစတေးလျနိုင်ငံက ကမ်းခြေတစ်ခုမှာ လှိုင်းကြမ်းတွေထဲ မျောပါနေခဲ့တဲ့ လူငယ်နှစ်ဦးကို Drone ဖြင့် ကယ်ဆယ်နိုင်ခဲ့

date_range 19 January 2018

သြစတေးလျနိုင်ငံက ကမ်းခြေတစ်ခုမှာ လှိုင်းကြမ်းတွေထဲ မျောပါနေခဲ့တဲ့ လူငယ်နှစ်ဦးကို Drone ဖြင့် ကယ်ဆယ်နိုင်ခဲ့

visibility 580 Views

                မနေ့က မနက်ပိုင်းတုန်းက သြစတေးလျနိုင်ငံ၊ New South Wales ပြည်နယ်အစိုးရနဲ့ Surf Life Saving NSW တို့ ပူးပေါင်းပြီး New South Wales ပြည်နယ်ထဲမှာရှိတဲ့ Lennox Head ဆိုတဲ့ ရွာလေးတစ်ရွာရဲ့ ကမ်းခြေတစ်ခုမှာ Drone တွေအသုံးပြုပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ကွင်းဆင်းလေ့ကျင့်ရေးတွေ ပြုလုပ်နေခဲ့ကြပါတယ်။

                အဲ့ဒီ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ်းခြေနဲ့ ၇၀၀ မီတာခန့် ကွာဝေးပြီး ရေ ၃ မီတာလောက်နက်တဲ့ လှိုင်းကြမ်းတွေထဲမှာ လူငယ်နှစ်ဦးကို မျောနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက Report လုပ်ကြတာနဲ့ပဲ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ကယ်ဆယ်ရေး Drone ကို ချက်ချင်းစေလွှတ်ခဲ့ပြီး မျောနေတဲ့ လူငယ်နှစ်ဦးကို ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

                Drone မှာတပ်ဆင်ထားတဲ့ Camera ကနေတစ်ဆင့် ကယ်ဆယ်ခဲ့တာကို ရိုက်ကူးနိုင်ခဲ့ပြီး မျောနေတဲ့ လူငယ်နှစ်ဦးကို တွေ့တာနဲ့ ချက်ချင်းပဲ Inflatable Flotation Deivce ကို ပစ်ချပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ မျောနေခဲ့တဲ့ လူငယ်နှစ်ဦးဟာ Drone ကနေ ချပေးလိုက်တဲ့ Inflatable Flotation Deivce ကို ကပ်တွယ်ပြီး ကမ်းခြေကို ဒဏ်ရာမရပဲ ပြန်လည်ကူးခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

                Surf Life Saving NSW ကတော့

                “ကောင်လေးတွေ အနေနဲ့ မောပန်းနွမ်းနယ် နေကြပေမယ့် ဒဏ်ရာတော့ မရရှိခဲ့ကြပါဘူး”

လို့ ပြောသွားပါတယ်။

                ကယ်ဆယ်ရေးအဖွဲ့ ကြီးကြပ်သူကလည်း 

                “ကျနော့်အနေနဲ့ တစ်မိနစ်အတွင်းမှာပဲ မျောနေတဲ့ ကောင်လေးတွေဆီ Drone ကို ပျံသန်းပြီး Inflatable Flotation Deivce ကို ပစ်ချပေးနိုင်ခဲ့ပါတယ်”

လို့ ပြောသွားပါသေးတယ်။


                ဒါပေမယ့် သြစတေးလျ အစိုးရကတော့ ဒီကယ်ဆယ်ရေးအတွက် စက္ကန့် ၇၀ ပဲ အချိန်ယူခဲ့ရတယ်လို့ ပြောသွားခဲ့ပြီး သာမာန်ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတိုင်း ကယ်ဆယ်ရေးသမားက မျောနေတဲ့ကောင်လေးတွေဆီ ရေကူးသွားမယ်ဆိုရင် ခန့်မှန်းခြေ ခြောက်မိနစ်လောက် အချိန်ယူရမယ်လို့ သိရပါတယ်။

                သြစတေးလျနိုင်ငံ အစိုးရအနေနဲ့ အရင်လကပဲ ကယ်ဆယ်ရေး Drone နည်းပညာမှာ ကန်ဒေါ်လာ ၄၃၀,၀၀၀ မြုပ်နှံသွားမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။ ဒီလို Drone ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ Drone တွေကိုတော့ Little Ripper Life Save ဆိုတဲ့ ကုမ္ပဏီက ထောက်ပံ့ထားတာဖြစ်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို Drone တွေမှာ တတ်နိုင်သလောက် သယ်ဆောင်နိုင်ဖို့အတွက်လည်း ဆက်လက်ကြိုးစားနေတယ်လို့ သိရပါတယ်။

References
The Verge BBC ABC
About Author
Assinged Tags
Drone Transportation Drone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed