လေသင်္ဘော (Airship) ကြီးတစ်စီးကို တိတ်တဆိတ်တည်ဆောက်နေတဲ့ Google ရဲ့ Co-Founder

date_range 26 April 2017

လေသင်္ဘော (Airship) ကြီးတစ်စီးကို တိတ်တဆိတ်တည်ဆောက်နေတဲ့ Google ရဲ့ Co-Founder

visibility 400 Views

                Google ရဲ့ Co-Founder ဖြစ်တဲ့ Sergey Brin ဟာ လေသင်္ဘော (Airship) ကြီးတစ်စီးကို NASA ရဲ့ Ames လေ့လာရေးစင်တာမှာ တိတ်တဆိတ်တည်ဆောက်နေတယ်လို့ Bloomberg က ရရှိတဲ့ Report တစ်ခုအရ သိရှိရပါတယ်။

                အစကတော့ ကောလဟာလ သတင်းလောက်လာရှိပေမယ့် မီဒီယာတွေက Brin ကို ချဉ်းကပ်ခဲ့တဲ့ အခါမှာတော့ Brin က 

“ဝမ်းနည်းပါတယ်ဗျာ။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ကျနော့်ဘက်က ပြန်လည်ဖြေကြားစရာ ဘာမှမရှိပါဘူး”

လို့ ပြန်လည်ဖြေကြားခဲ့တာကြောင့် ဒီသတင်းဟာ ကောလဟာလလို့တော့ ယူဆလို့မရပါဘူး။

                အခုအချိန်ထိအောင် Brin အနေနဲ့ ဝါသနာအရကြောင့်လား ဒါမှမဟုတ် နောက်တစ်ချိန်မှာ ပြန်လည်ရောင်းချချင်လို့ တည်ဆောက်နေရာလား ဆိုတာကတော့ ဒီလေသင်္ဘော (Airship) ကြီး တည်ဆောက်ပြီးစီးမှပဲ သိရှိရမှာ ဖြစ်ပါတယ်။

                Brin အနေနဲ့ NASA ရဲ့ Ames လေ့လာရေးစင်တာကိုမှ ရွေးချယ်ရတာကလည်း အကြောင်းရှိပါတယ်။ ဒီစင်တာကို အလည်အပါတ်သွားပြီးတဲ့နောက်မှာတော့ Brin တစ်ယောက် Aerospace နည်းပညာရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ်။

                အခုအချိန်မှာ ဒီ Airship ကြီးအတွက် သံကိုယ်ထည်ကြီးကို တည်ဆောက်လို့ပြီးစီးသွားပြီဖြစ်ပြီး သူ့ကိုယ်ထည်ကကြီးမားလွန်းတာကြောင့် Ames လေ့လာရေးစင်တာတစ်ခုလုံးတောင် ပြည့်နေတယ်လို့လည်း Report ထဲမှာ ရေးသားထားပါတယ်။

                ဒီ Project ကြီးကို ဦးဆောင်သူကလည်း အခြားသူမဟုတ်ပဲ NASA Ames ရဲ့ Director of Programs အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ Alan Weston ဖြစ်ပါတယ်။ Weston ကို ဒီ Project ကြီးနဲ့ ပက်သက်ပြီး မေးမြန်းရာမှာတော့ ဖြေကြားသွားခြင်း မရှိပါဘူး။

References
9to5Google Gadget 360
About Author
Assinged Tags
Google NASA
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed