Google Maps ကို အသုံးပြုပြီး ကားပါကင်ထိုးထားတဲ့နေရာကို မှတ်သားထားနိုင်တော့မည်

date_range 26 April 2017

Google Maps ကို အသုံးပြုပြီး ကားပါကင်ထိုးထားတဲ့နေရာကို မှတ်သားထားနိုင်တော့မည်

visibility 70 Views

                Google အနေနဲ့ Google Maps User တွေအတွက် အသုံးလည်းဝင်ပြီး၊ လိုလည်းလိုအပ်မယ့် Feature အသစ်လေးတွေ Google Maps ကို ထည့်ပေးနေခဲ့တာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း Google Maps ဟာ တစ်နေ့တစ်ခြား ပိုမိုကောင်းမွန်လာတာပဲ ဖြစ်ပါတယ်။

                ဒီနေ့မှာတော့ Google က ကိုယ်ပိုင်ကားပိုင်ရှင်တွေအတွက် မိမိရဲ့ကားကို ဘယ်နားမှာပါကင်ထိုးထားတာလည်းဆိုတာကို မှတ်သားထားနိုင်မယ့် Feature အသစ်လေးတစ်ခုကို Google Maps မှာ ထည့်ပေးလိုက်ပါတယ်။

                ဒီ Feature အသစ်လေးဟာ အရင်လထဲက ထွက်ရှိခဲ့တဲ့ Google Maps Beta Version မှာ ပါဝင်ခဲ့ပြီး Beta Version အသုံးပြုသူတွေအနေနဲ့လည်း အကြိုက်တွေ့ခဲ့ကြပါတယ်။

                ဒီ Feature သစ်လေးဟာ ပါကင်နေရာတစ်ခုထဲကိုပဲ မှတ်သားနိုင်တာ မဟုတ်ပါဘူး။ ပါကင်ထိုးတာနဲ့ သက်ဆိုင်တဲ့ အခြားအချက်အလက်တွေဖြစ်တဲ့ ဘယ်အထပ်မှာ၊ ပါကင်နံပါတ်ဘယ်လောက်မှာ၊ စသည်ဖြင့်လည်း မှတ်သားလို့ ရပါသေးတယ်။

                ဒါ့အပြင်၊ ပါကင်မီတာမှာ ကိုယ်ယူထားတဲ့ အချိန်ကိုလည်း မှတ်သားလို့ရနိုင်ပါတယ်။ ဥပမာ၊ ပါကင်မီတာမှာ ပါကင်အချိန်ကို ၁၅ မိနစ်ယူထားခဲ့တယ်ဆိုရင် Google Maps ထဲမှာ ပါကင်နေရာနဲ့အတူ ပါကင်အချိန်ကိုလည်း မှတ်သားထားနိုင်ပါတယ်။ မိမိက ပါကင်အချိန်ကို ၁၅ မိနစ် ပေးထားခဲ့တယ်ဆိုရင် ၁၅ မိနစ်ပြည့်တာနဲ့ Google Maps က Notification ပေးသွားမှာ ဖြစ်ပါတယ်။

                နောက်ပြီး မိမိပါကင်ထိုးထားခဲ့တဲ့နေရာကို ဓာတ်ပုံရိုက်ယူပြီး နေရာနှင့်တကွ မှတ်သားထားနိုင်သလို၊ မိမိကားပါကင်ထိုးထားတဲ့နေရာကိုလည်း မိမိရဲ့သူငယ်ချင်းတွေကို Share လုပ်လို့ ရဦးမှာပါ။

                ဒီ Feature လေးကို Manual လည်း ဖွင့်နိုင်သလို၊ မိမိရဲ့ကားကို USB Audio ဒါမှမဟုတ် Bluetooth ကို အသုံးပြုပြီး မိမိပိုင်ဆိုင်တဲ့ Smartphone နဲ့ ချိတ်ဆက်ထားခဲ့မယ်ဆိုရင် ကားကိုပါကင်ထိုးပြီး ကားထဲကထွက်လိုက်တာနဲ့ Google Maps ထဲမှာ ကားပါကင်နေရာကို အလိုအလျောက် မှတ်သားပေးသွားမှာ ဖြစ်ပါတယ်။

                Google Maps ကို အသုံးပြုချင်သူ Android သမားတွေက ဒီမှာ Download လုပ်နိုင်ပြီး၊ iOS သမားတွေကတော့ ဒီမှာ Download လုပ်နိုင်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Google Google App Google Maps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed