Siri ကိုယှဉ်ပြိုင်မယ့် Djingo ဆိုတဲ့ Digital Assistant အသစ်ကိုမိတ်ဆက်

date_range 21 April 2017

Siri ကိုယှဉ်ပြိုင်မယ့် Djingo ဆိုတဲ့ Digital Assistant အသစ်ကိုမိတ်ဆက်

visibility 400 Views

                Siri ကို တီထွင်ခဲ့တဲ့ Team ကိုယ်တိုင် Siri ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Viv ဆိုတဲ့ Digital Assistant အသစ်ကိုတီထွင်ခဲ့ကြပါတယ်။ Viv ကိုမိတ်ဆက်ပြီး လပိုင်းအကြာမှာပဲ Samsung က မည်သူမှမခန့်မှန်းနိုင်တဲ့ ဈေးနှုန်းနဲ့ Viv ကို ဝယ်ခဲ့ပြီး ကိုယ်ပိုင် Digital Assistant Bixby အနေနဲ့ S8 နဲ့ S8+ မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

                အခုလည်းပဲ Siri ကို ထပ်ပြီးယှဉ်ပြိုင်နိုင်မယ့် Digital Assistant ကို ဥရောပနိုင်ငံ Mobile Network တွေဖြစ်တဲ့ Orange SA နဲ့ Deutsche Telekom တို့ ပူပေါင်းတီထွင်ထားတဲ့ Djingo ဆိုတဲ့ Digital Assistant အသစ်ကို Orange SA ရဲ့ CEO Stephane Richard ကိုယ်တိုင် ပွဲထုတ်ခဲ့ပါတယ်။

                သူကိုယ်တိုင် ဒိုးနပ်ပုံစံရှိတဲ့ Speaker လေးနဲ့ Djingo ကို သီချင်းဖွင့်ခိုင်းတာတွေ၊ Twitter မှာ Tweet လုပ်ခိုင်းတာတွေ လုပ်ပြခဲ့ပါတယ်။ သူကပဲ

“Djingo က နှံ့နှံ့စပ်စပ်ရှိပါတယ်။ သူ့ကိုခိုင်းချင်တယ်ဆိုရင်တော့ OK Djingo လို့ပြောလိုက်ရုံပါပဲ။ နောက်ပြီး Djingo ကို နှုတ်နဲ့တင်မဟုတ်ပါဘူး၊ ဖုန်းတွေမှာဆိုရင် စာရိုက်ပြီးလည်း ခိုင်းစေလို့ရပါတယ်”

လို့ ပြောကြားသွားပါတယ်။

                ဘယ်နေ့အများပြည်သူကို ချပြသွားမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပေမယ့် Release လုပ်ပြီဆိုရင်တော့ Smartphone User တွေအတွက် App အနေနဲ့ Release လုပ်ပေးမှာဖြစ်ပြီး၊ Microphone ပါဝင်တဲ့ TV Remote Control တွေမှာလည်း အသုံးပြုလို့ရအောင် လုပ်ပေးသွားမှာလို့ သိရပါတယ်။

                ကျွမ်းကျင်သူတွေအနေနဲ့ Djingo က ဘယ်လောက်စွမ်းဆောင်ရည်ရှိလဲဆိုတာကို Release လုပ်မှပဲသိရမှာဖြစ်တာကြောင့် လတ်တလောကတော့ စောင့်ကြည့်နေဆဲကာလမှာပဲ ရှိဦးမှာဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Digital Assistant Siri Samsung Bixby Djingo Viv
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed