Developer တွေအနေနဲ့ Live Photos တွေကို Web မှာ အလွယ်တကူ Embed လုပ်လို့ရတော့မည်

date_range 21 April 2017

Developer တွေအနေနဲ့ Live Photos တွေကို Web မှာ အလွယ်တကူ Embed လုပ်လို့ရတော့မည်

visibility 150 Views

                Developer တွေအနေနဲ့ Live Photos တွေကို Web မှာ အလွယ်တကူ Embed လုပ်လို့ရနိုင်ဖို့အတွက် JavaScript API ထုတ်ပေးလိုက်တာကို Documentation နဲ့တကွ Apple ရဲ့ Developer Portal မှာ တွေ့ရှိခဲ့ရပါတယ်။ 

                နာမည်ကိုတော့ Apple က LivePhotosKit API လို့ပေးထားပြီး Developer တွေအနေနဲ့ JavaScript Programming Language ကို အသုံးပြုကာ Website တွေမှာ Live Photos တွေကို အလွယ်တကူ Embed လုပ်နိုင်တော့မှာပါ။ လောလောဆယ်ကတော့ API က Version 1.0.0 ပဲရှိပါသေးတယ်။ လေ့လာချင်သူ Developer တွေအနေနဲ့ ဒီလင်ခ့် မှာ Documentation သွားကြည့်နိုင်ပါတယ်။

                API ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး Apple က Host လုပ်ထားတဲ့ JavaScript File ကို မိမိအသုံးပြုချင်တဲ့ Webpage ထဲမှာ ထည့်ပေးရမှာပါ။ ဒါမှမဟုတ် NPM နဲ့လည်း Install လုပ်လို့ရမှာ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုက Developer တွေအနေနဲ့ JavaScript Strict Mode ကို သုံးပေးရမှာ ဖြစ်ပါတယ်။

                Live Photos တွေကိုတော့ HTML Data Attributes တွေသုံးပြီး ခေါ်လို့ရပါတယ်။ Apple အနေနဲ့ Live Photos တွေကို Web မှာ အသုံးပြုနိုင်ရန်အတွက် Format နှစ်ခုပြောင်းပစ်တာကို တွေ့ရပါတယ်။ Live Photo တစ်ပုံကို JPG File နဲ့ MOV File နှစ်မျိုး ထပ်ခွဲလိုက်ပါတယ်။ Developer အနေနဲ့ Live Photo တစ်ပုံကို ခေါ်သုံးချင်တယ်ဆိုရင် အဲ့ဒီ့ Live Photo ရဲ့ JPG File ရော၊ MOV File ရောပါ Link ချိတ်ပေးရမှာ ဖြစ်ပါတယ်။

                Apple က အခုမှ Live Photos တွေကို Web မှာ အသုံးပြုလို့ရအောင် API ထုတ်ပေးလိုက်တယ်ဆိုပေမယ့် Google က Motion Stills ဆိုတဲ့ App လေးနဲ့ ဒီပြဿနာကို အစထဲက ဖြေရှင်းပေးခဲ့ပါတယ်။ ဒီ App လေးဟာ Live Photos တွေကို မည်သူမဆို၊ မည်သည့်နေရာမှာမဆို၊ အလွယ်တကူ အသုံးပြုလို့တဲ့ GIF Format အနေနဲ့ ပြောင်းပေးတဲ့ App လေးဖြစ်ပါတယ်။ 

                ခက်တာက GIF Format ဖြစ်သွားတာကြောင့် Live Photos တွေလိုတော့ အသံမပါတော့ပါဘူး။ အကယ်လို့ မိမိက အသံပါတာမှကြိုက်တယ်ဆိုလည်း Live Photos တွေ၊ သုံးပုံ၊ လေးပုံလောက်ကိုချိတ်ဆက်ပြီး ဗီဒီယိုအသေးစားလေးတစ်ခုလည်း ပြုလုပ်လို့ရပါသေးတယ်။ ဒီ App လေးကို ဘယ်လိုရယူနိုင်မလဲနဲ့၊​ ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိသေးတဲ့သူတွေက အောက်ကဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။


References
CultOfMac Apple
About Author
Assinged Tags
iOS API Live Photos JavaScript HTML
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed