PlayStore ရဲ့ UI ကို အရင်ကထက်ကောင်းမွန်အောင် ပြုပြင်လိုက်တဲ့ Google

date_range 20 April 2017

PlayStore ရဲ့ UI ကို အရင်ကထက်ကောင်းမွန်အောင် ပြုပြင်လိုက်တဲ့ Google

visibility 2540 Views

                အခုရက်ပိုင်းအတွင်း PlayStore ရဲ့ အသွင်အပြင်တစ်ချို့ ပြောင်းလဲသွားတယ်ဆိုတာ ဝင်ကလိတဲ့သူတွေ သတိထားမိကြမှာပါ။ အောက်ကပုံမှာပြထားတဲ့အတိုင်း အရင် PlayStore မှာ Apps တွေကိုစီထားတဲ့ပုံစံက အသုံးပြုသူ User အတွက် အနည်းငယ် ကသိကအောက်နိုင်ပါတယ်။


                App Logo တွေက လိုတာထက်ပိုကြီးနေတဲ့အပြင် မိမိစက်ထဲမှာ Install လုပ်ပြီးသား App ရဲ့ Rating ကိုလည်း ဘယ် User မှာ အရေးထားပြီး ကြည့်နေမှာမဟုတ်ပါဘူး။ နောက်ပြီး App တစ်ခုခြင်းစီကို ပြသတဲ့ဒီဇိုင်းကလည်း မလိုအပ်ပဲ အရမ်းကြီးလွန်းနေပါတယ်။ ဒီဇိုင်းသမားတွေလိုပြောမယ်ဆိုရင်တော့ Whitespace တွေများနေတယ်ပေါ့။

                အရင် PlayStore ရဲ့ UI မှာ User က App တစ်ခုထဲကိုပဲ Update လုပ်ချင်တယ်ဆိုရင် လုပ်ရတဲ့အဆင့်တွေအများကြီးပါပဲ။ Update All လုပ်လို့ကလည်း အဆင်မပြေပြန်ပါဘူး။

                အခုပြောင်းလဲလိုက်တဲ့ဒီဇိုင်းကတော့ အောက်ကပုံမှာပြထားတဲ့အတိုင်းပါပဲ။ အမြင်ရှင်းလင်းပြီး Whitespace လည်းနည်းသွားပါတယ်။ App Logo ကိုလည်း သေးထားတာကို တွေ့ရပြီး၊ App Rating ကိုလည်း ဖျောက်ထားတာကို တွေ့ရမှာပါ။


                App တွေကို Update လုပ်ဖို့လည်း လွယ်ကူသွားပါတယ်။ မိမိဖုန်းထဲမှာ မကြာသေးမှီကမှ Update လုပ်ထားတဲ့ App တွေကို Recently Updated Section တစ်ခုအနေနဲ့ သက်သက်ခွဲပေးထားပြီး၊ Update မလုပ်ရသေးတဲ့ App တွေကိုတော့ Updates Available ဆိုတဲ့ Section ထဲမှာ တွေ့ရှိရမှာပါ။ 

                ဒီလိုမျိုး Section လေးတွေခွဲပေးလိုက်တာကြောင့် User အနေနဲ့ ဘယ် App ကတော့ Update ထွက်ပြီ၊ ဘယ် App တွေကိုတော့ Update လုပ်ပြီးပြီ၊ စသည်ဖြင့် လွယ်လွယ်ကူကူသိနိုင်တော့မှာ ဖြစ်ပါတယ်။

                နောက်ပြီး App တစ်ခုခြင်းစီရဲ့ဘေးမှာ Update ဆိုတဲ့ Button လေးပါဝင်လာတာကြောင့် အရင်ကလိုမျိုး App ကို Update လုပ်ဖို့အတွက် အဆင့်တွေအများကြီးဝင်စရာမလိုတော့ပဲ၊ Update ကိုနှိပ်လိုက်တာနဲ့ မိမိ Update လုပ်ချင်တဲ့ App ကို အဆင်ပြေပြေ Update လုပ်နိုင်တော့မှာပါ။

                နောက်ထပ်ပိုကောင်းလာတာတစ်ခုက Update ထွက်လာတဲ့ App တစ်ခုခြင်းစီရဲ့ဘေးမှာ Update Size ဘယ်လောက်ရှိတာဆိုတာကို ပြထားတာပဲဖြစ်ပါတယ်။ ဒီအချက်က ဒီကလူတွေအတွက်တော့ အရမ်းအဆင်ပြေမှာပါ။ Update လုပ်တော့မယ်ဆိုရင် မိမိမှာရှိတဲ့ဖုန်းဘေလ်နဲ့ချိန်ပြီး Update လုပ်လို့ရမှာပါ။

                Installed ဆိုတဲ့ Tab ထဲမှာလည်း မိမိဖုန်းထဲမှာရှိတဲ့ App တွေကို အလွယ်တကူရှာဖွေလို့ရဖို့အတွက် Sorting စီနည်းလေးမျိုးနဲ့ စီလို့ရအောင် ပြုပြင်ပေးထားပါတယ်။ A to Z စီချင်လား၊ Last Updated နဲ့ စီချင်လား၊ Last Used နဲ့စီချင်လား၊ App တွေရဲ့ Size နဲ့ စီချင်လား၊ မိမိကြိုက်သလိုစီပြီး မိမိဖုန်းထဲမှာ Installed လုပ်ပြီးသား App တွေကို အလွယ်တကူရှာဖွေပြီး Manage လုပ်လို့ရတော့မှာပါ။

                မိမိဖုန်းထဲက App တွေကို Last Used နဲ့ စီပြီရှာလို့ရတာ တော်တော်ကြီးကိုကောင်းသွားပါတယ်။ ဘာလို့လဲဆိုတော့ ဘယ် App ကို User ကို ဘယ်နေ့မှာနောက်ဆုံးသုံးထားတယ်ဆိုတာ ပြသနိုင်လို့ပဲဖြစ်ပါတယ်။ ဒီလိုပြသနိုင်တဲ့အတွက် မိမိဖုန်းထဲမှာ Storage မလောက်တော့လို့ App တစ်ခုခု ဖျက်ချင်တယ်ဆိုရင် မိမိအသုံးပြုတာနည်းတဲ့ App ကို အလွယ်တကူရှာဖွေပြီး ဖျက်နိုင်မှာပါ။

                Google ရဲ့အခုပြောင်းလဲမှုဟာ Apple AppStore ဆီကတစ်ချို့ Feature တွေကို ယူထားတယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေကတော့ Apple ကိုယ်တိုင်တောင် Google ဆီကနေဒီဇိုင်းပိုင်း ပြန်သင်သင့်တယ်လို့ ဆိုထားကြပါတယ်။

References
The Verge
About Author
Assinged Tags
Google Android Applications Android App Google Play Store
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed