Windows 10 Creators Update ကို ယနေ့ကစပြီး Manual Download ပြုလုပ်နိုင်ပြီ

date_range 06 April 2017

Windows 10 Creators Update ကို ယနေ့ကစပြီး Manual Download ပြုလုပ်နိုင်ပြီ

visibility 680 Views

                Windows 10 အသုံးပြုသူတွေ စောင့်မျှော်နေကြတဲ့ Windows 10 Creators Update ဟာ လာမယ့် အင်္ဂါနေ့၊ ဧပြီလ ၁၁ ရက်နေ့မှာ တရားဝင်ထွက်ရှိမှာပါ။

                ဒါပေမယ့် အခုချက်ချင်း Windows 10 Creators Update, Version 1703 ကို Download လုပ်ချင်ရင်လည်း Insider Program ( Windows 10 Version အသစ်တွေကို စမ်းသပ်အသုံးပြုတဲ့ ပရိုဂရမ် ) ထဲဝင်စရာမလိုဘဲ တရားဝင် Manual Download ပြုလုပ်နိုင်ပါပြီ။

                Creators Update ကို ကိုယ့်ဘာသာ Download ပြုလုပ်ချင်တယ်ဆိုရင် အရင်ဆုံး ခင်ဗျားမှာ Windows 10 Home ဒါမှမဟုတ် Pro ဗားရှင်း ရှိရမှာဖြစ်ပြီး၊ Microsoft ရဲ့ Update Assistant နောက်ဆုံးဗားရှင်းကို ဒီနေရာကနေ Download ဆွဲပေးရမှာပါ။ ပြီးရင် သူပြတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်လိုက်ရုံပါပဲ။

                တကယ်လို့ ကွန်ပြူတာတစ်လုံးတည်းမဟုတ်ဘဲ တခြား Windows 10 ကွန်ပြူတာတွေမှာပါ Update လုပ်ချင်တယ်၊ Clean Install လုပ်ချင်တယ်ဆိုရင်တော့ အဆိုပါလင့်ခ်ကပဲ Media Creatoion Tool ကို အသုံးပြုပြီး၊ IOS ဖိုင်ကို DVD Burn တာ ဒါမှမဟုတ် Bootable USB Drive အဖြစ် လုပ်ပြီး၊ Creators Update တင်နိုင်ပါတယ်။

                ဒီ Update ကို Windows Insider Program ဝင်ထားတဲ့လူတွေမှာ ရနေတာ တစ်ပတ်ကျော်ပြီဖြစ်ပေမယ့်၊ အခုမှ Public ကို တရားဝင်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

                Creators Update မှာ ထူးခြားတာတွေကတော့ 3D Modeling ပါလာတဲ့ Microsoft ရဲ့ Paint App အသစ်ကို တွေ့မြင်ရမှာဖြစ်ပြီး၊ တခြား Features တွေအနေနဲ့ Privacy Controls တွေ ပိုလုပ်လာနိုင်မယ်၊ Game တွေကို Stream လုပ်နိုင်မယ့် နည်းလမ်းအသစ် Gaming Mode ပါလာမယ်၊ စတာတွေပါ။ Windows 10 Creators Update ရဲ့ Features အကုန်လုံးကို ထပ်မံရေးသားသွားပါမယ်။

References
Ars Technica The Verge
About Author
Assinged Tags
Windows 10 Download Windows 10 Creators Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed