ဒီနေ့ဟာတော့ Online Services များရဲ့ ဖခင်ကြီး AOL မွေးဖွားလာတဲ့နေ့ပဲဖြစ်ပါတယ်။

date_range 25 May 2017

ဒီနေ့ဟာတော့ Online Services များရဲ့ ဖခင်ကြီး AOL မွေးဖွားလာတဲ့နေ့ပဲဖြစ်ပါတယ်။

visibility 150 Views

                မေလ ၂၄ ရက်နေ့၊ ၁၉၈၅ ခုနှစ်မှာ Online Services မျိုးစုံကို အဓိကထားပြီးလုပ်ဆောင်ခဲ့တဲ့ AOL ကို စတင်တည်ထောင်ခဲ့တဲ့နေ့ပဲဖြစ်ပါတယ်။ 

                AOL ဟာ CVC (Control Video Corporation) ကနေခွဲထွက်လာတဲ့ Organization တစ်ခုလည်းဖြစ်ပါတယ်။ AOL ဖြစ်မလာခင်မှာ Atari 2600 ဂိမ်း Console တွေအတွက် “GameLine” လို့ခေါ်တဲ့ Dial-Up အသုံးပြုပြီး Game တွေကို အွန်လိုင်းကနေ Download ဆွဲတာတွေ၊ ၀ယ်ယူတာတွေကို CVC ကုမ္ပဏီအနေနဲ့ Service ပေးခဲ့ပါတယ်။ AOL ကို စ တင်တည်ထောင်ချိန်မှာ Quantum Computer Services နာမည်နဲ့တည်ထောင်ခဲ့ပြီး ၁၉၈၉ မှာတော့ America Online (AOL) ဆိုတဲ့နာမည်ကို ပြောင်းလဲခဲ့ပါတယ်။

                အကြောင်းအမျိုးမျိုးကြောင့် AOL ကုမ္ပဏီအဖြစ်ခွဲထွက်လာတဲ့အချိန် ၀န်ထမ်း အယောက် ၉၀ နှုတ်ထွက်ခဲ့ပြီး စ တင်တည်ထောင်တဲ့အချိန်မှာ ၀န်ထမ်း ၁၀ ယောက်ပဲကျန်ခဲ့ပါတယ်။ AOL ကုမ္ပဏီတည်ထောင်ပြီးတဲ့နောက် Commodore 64 နဲ့ Commodore 128 ကွန်ပျုတာ Console တွေအတွက် Quantum Link ဆိုတဲ့ Online Service ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ Quamtum Link (Q-Link) မှာ E-Mail၊ Online Chat (တပ်ဆင်ထားတဲ့ ကုမ္ပဏီအတွင်းသာ)၊ Public Domain File Sharing၊ Online သတင်း နဲ့ Instant Messaging စ တဲ့ Online Services တွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

References
Days In Tech History
About Author
Assinged Tags
AOL Quantum Computer Services Atari Control Video Corporation Commodore Gameline
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed