Yahoo ဟာ Flickr ကို ဝယ်ယူခဲ့တာ ဒီနေ့မှာ ၁၂ နှစ် ပြည့်ခဲ့ပါပြီ။

date_range 21 March 2017

Yahoo ဟာ Flickr ကို ဝယ်ယူခဲ့တာ ဒီနေ့မှာ ၁၂ နှစ် ပြည့်ခဲ့ပါပြီ။

visibility 100 Views

                Yahoo ကုမ္ပဏီဟာ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ Flickr website ကို ပိုင်ဆိုင်တဲ့ Ludicorp ကုမ္ပဏီကို ခန့်မှန်းခြေ ဒေါ်လာ ၂၅ သန်းခန့်နဲ့ ဝယ်ယူခဲ့ပါတယ်။

                Flickr ဟာ ဓာတ်ပုံနဲ့ ဗီဒီယို မျှဝေရေး website တွေထဲမှာ နာမည်အကြီးဆုံး site တစ်ခုဖြစ်ပြီး၊ Ludicorp ကုမ္ပဏီက ၂၀၀၄ ခုနှစ်မှာ စတင်လွှင့်တင်ခဲ့တဲ့ website တစ်ခုဖြစ်ပါတယ်။

                ၂၀၁၃ ခုနှစ်တုန်းက The Verge ရဲ့ စာရင်းအချက်အလက်တွေအရ Flickr မှာ Register လုပ်ထားတဲ့ မန်ဘာပေါင်း ၈၇ သန်းလောက်ရှိပြီး၊ တစ်နေ့ကို ဓာတ်ပုံအသစ်ပေါင်း ၃.၅ သန်းလောက် တင်နေကြတယ်လို့ သိရပါတယ်။

                Yahoo ဝယ်ယူပြီးနောက်မှာ Flickr ရဲ့ ကနေဒါမှာရှိတဲ့ ဆာဗာတွေက ဓာတ်ပုံ၊ဗီဒီယိုအကုန်လုံးကို အမေရိကန်ပြည်ထောင်စုစီ ပြောင်းရွှေ့ခဲ့ပါတယ်။

References
This Day in Tech History Wikipedia
About Author
Assinged Tags
Today Tech Knowledge Yahoo Flickr
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed