Windows ကိုကျော်တက်ပြီး ကမ္ဘာ့ Popular အဖြစ်ဆုံး OS ဖြစ်သွားတဲ့ Android

date_range 04 April 2017

Windows ကိုကျော်တက်ပြီး ကမ္ဘာ့ Popular အဖြစ်ဆုံး OS ဖြစ်သွားတဲ့ Android

visibility 4150 Views

                StatCounter ကနေရရှိတဲ့ Data တွေအရ Android က Windows ကိုကျော်တက်ပြီး ကမ္ဘာ့ Popular အဖြစ်ဆုံး OS ဖြစ်သွားတယ်လို့ သိရှိရပါတယ်။ Windows OS ကို အသုံးပြုမှု ရာခိုင်နှုန်းက ကမ္ဘာ့ Internet အသုံးပြုသူအားလုံးရဲ့ ၃၇.၉၁% ဖြစ်ပြီး Android ဟာ ရာခိုင်နှုန်းနည်းနည်းလေးနဲ့ ကျော်တက်သွားတာ ဖြစ်ပါတယ်။


                Android ကို အသုံးပြုသူဟာ အခုအချိန်မှာဆိုရင် ကမ္ဘာ့ Internet အသုံးပြုသူအားလုံးရဲ့ ၃၇.၉၃% ရှိနေပြီ ဖြစ်ပါတယ်။ StatCounter ရဲ့ CEO Aodhan Cullen က 

“အခုလိုမျိုး Android က Windows ကိုကျော်တက်နိုင်ခဲ့ပြီး ကမ္ဘာ့ Popular အဖြစ်ဆုံး OS ဖြစ်သွားတာဟာ နည်းပညာသမိုင်းမှာ မိုင်တိုင်တစ်ခုအနေနဲ့ သတ်မှတ်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ OS များအားလုံးရဲ့ဘုရင်၊ ၁၉၈၀ ခုနှစ်ထဲကစပြီး OS တွေအားလုံးကို အုပ်စိုးမင်းမူခဲ့တဲ့ Windows ကို Android က နန်းချနိုင်ခဲ့လို့ပါ။ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ကမ္ဘာ့ Internet အသုံးပြုသူအားလုံးရဲ့ ၂.၄% ကိုသာ အုပ်စိုးနိုင်ခဲ့တဲ့ Android အတွက်ကတော့ အကယ့်ကိုကြီးမားတဲ့ ထိုးဖောက်ကျော်လွှားမှုတစ်ခုပါပဲ”

လို့ ပြောကြားသွားပါတယ်။

                ဒါပေမယ့် StatCounter က ထုတ်ပြန်ထားတဲ့ Data မှာ အမှားတစ်ခုရှိနေပါတယ်။ ဘာလို့လဲဆိုတော့ StatCounter က ဝန်ထမ်းတွေဟာ Internet ချိတ်ဆက်အသုံးပြုနေတဲ့ ကမ္ဘာ့လူဦးရေထဲကမှ ရှိသမျှ OS တွေအားလုံးအတွက် ရာခိုင်နှုန်းပြန်ခွဲတာကြောင့် ဖြစ်ပါတယ်။

                PC မှာကတော့ Windows က ဘုရင်ပါပဲ။ Desktop ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် Windows ပဲတင်ထားတာများပါတယ်။ ကမ္ဘာပေါ်မှာ ကွန်ပျူတာအသုံးပြုသူအားလုံးရဲ့ ၈၄% ကို Windows ကပဲ မင်းမူထားဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး Aodhan Cullen က

“PC မှာတော့ Windows က ဘုရင်ပဲဆိုတာ ငြင်းလို့မရပါဘူး။ ဒါကိုလူတိုင်းသိပါတယ်။ ဒါပေမယ့် Mobile အတွက်ကတော့ Android က ဘုရင်ပါပဲ။ ဒါပေမယ့် အခုဟာက Battle အစပဲရှိပါသေးတယ်။ အခု Android နိုင်သွားပေမယ့် Microsoft ဘက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ”

လို့ ထပ်မံပြောကြားသွားပါတယ်။

References
9to5Google
About Author
Assinged Tags
Google Microsoft Android Windows
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed