Samsung Galaxy S8 နဲ့ S8+ ကို Microsoft Edition အနေနဲ့ ရောင်းချသွားမယ့် Microsoft

date_range 02 April 2017

Samsung Galaxy S8 နဲ့ S8+ ကို Microsoft Edition အနေနဲ့ ရောင်းချသွားမယ့် Microsoft

visibility 1450 Views

                Galaxy S6 နဲ့ S7 မှာတည်းက Microsoft ကိုယ်ပိုင် App တွေဖြစ်တဲ့ Skype, OneDrive, OneNote စသည့် App များကို Bundle အနေနဲ့ ထည့်သွင်းပေးခဲ့တာပါ။ ဒီနှစ်ထွက်ရှိလာတဲ့ S8 နဲ့ S8+ မှာတော့ ထူးထူးခြားခြား Microsoft က Galaxy S8 နဲ့ S8+ Microsoft Edition ဆိုပြီး ရောင်းချလိုက်ပါတယ်။

                Galaxy S8 နဲ့ S8+ Microsoft Edition ဖုန်းတွေကို ဒီနေ့ပဲ အမေရိကန်နိုင်ငံမှာရှိတဲ့ Microsoft Retail Store တွေမှာ Preorder လုပ်လို့ရပြီ ဖြစ်ပါတယ်။ 

Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့

“Galaxy S8 နဲ့ S8+ Microsoft Edition ဖုန်းတွေကို ဘူးဖွင့်ပြီး Wi-Fi နဲ့ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ Microsoft ရဲ့ ကိုယ်ပိုင် Customization တွေလုပ်ပေးသွားမှာပါ။ ဒီ Customization ဟာ ဝယ်ယူအသုံးပြုသူတွေကို Microsoft ရဲ့ App တွေဖြစ်တဲ့ Office, OneDrive, Cortana, Outlook စတဲ့ App တွေကို အသုံးပြုလို့ရအောင် ပြုလုပ်ပေးသွားမှာပါ”

လို့ ပြောကြားသွားပါတယ်။

                Samsung နဲ့ Microsoft ကြား ဘယ်လိုမျိုး စာချုပ်ချုပ်ထားလည်းဆိုတာတော့ အတိအကျမသိပေမယ့် The Verge ကိုယ်တိုင် Microsoft ကို မေးမြန်းတဲ့အခါမှာတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ ဒီဖုန်းတွေဟာ Android ချစ်သူတွေအတွက်ကတော့ သိပ်ပြီးအဆင်ပြေမှာ မဟုတ်ပေမယ့် Cortana အသုံးပြုရတာကို ကြိုက်တဲ့သူတွေ၊ Microsoft ရဲ့ Eco System ထဲမှာပါ ကျင်လည်ရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ အရမ်းအဆင်ပြေမယ်လို့ ထင်ပါတယ်။

References
The Verge
About Author
Assinged Tags
Samsung Microsoft Samsung Galaxy S8 Cortana Microsoft Edition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed