ဒီတစ်ပါတ်အတွင်း App Store မှာ Free ရရှိမယ့် Blyss ဆိုတဲ့ ပဟေဠိ Game လေး

date_range 01 April 2017

ဒီတစ်ပါတ်အတွင်း App Store မှာ Free ရရှိမယ့် Blyss ဆိုတဲ့ ပဟေဠိ Game လေး

visibility 250 Views


                အခုတစ်လော အနောက်နိုင်ငံတွေမှာ ဆော့တဲ့သူများလာတဲ့ Blyss ဆိုတဲ့ ပဟေဠိ Game လေးဟာ App Store မှာ  Apple က ဒီတစ်ပါတ်အတွက် Free App Of The Week အဖြစ် ရွေးချယ်ထားပါတယ်။

                ဒီဂိမ်းလေးကို ဆော့ရတဲ့ပုံစံက Candy Crush ဆော့ရတဲ့ပုံစံနဲ့ အနည်းငယ်ဆင်တူပါတယ်။ ပဟေဠိဂိမ်းဆိုပေမယ့်လည်း အရမ်းကြီးခေါင်းစားမယ့်ဂိမ်းတော့ မဟုတ်ပါဘူး။ Block တုံးလေးတွေမှာ သတ်မှတ်ထားတဲ့ အစက်ကလေးတွေပါဝင်ပြီး အစက်ကလေးတွေတူညီတဲ့ Block တုံးလေးတွေကို ရွေးချယ်ပေးပြီး အမှတ်ရယူရမှာဖြစ်ပါတယ်။

                ရွေးချယ်တဲ့နေရာမှာလည်း Block တစ်တုံးချင်းစီလိုက်ရွေးပေးစရာမလိုပဲ အစက်ကလေးတွေတူတူညီညီပါတဲ့ Block တုံးမှန်သမျှကို Swipe လုပ်ပြီး အမှတ်ယူရမှာ ဖြစ်ပါတယ်။ အကယ်လို့ မှားရွေးမိတယ်ဆိုရင် အမှတ်လျော့မှာဖြစ်ပြီး မိမိ Swipe လုပ်ပြီး ရွေးလိုက်တဲ့ Block တုံးတွေနေရာမှာ Block တုံးအသစ်တွေနဲ့ အစားထိုးပေးသွားမှာ ဖြစ်ပါတယ်။

                ဂိမ်းကဆော့လို့ ကောင်းလားမကောင်းလားဆိုတာတော့ ကျနော်လည်း မဆော့ဘူးသေးတော့ မသိပါဘူး။ ဂိမ်းဆော့နည်းကို သိတာကလည်း ဒီဂိမ်းရဲ့ Trailer လေးကြည့်ပြီးသိတာပါ။ မိမိကဂိမ်းအသစ်လည်းဆော့ချင်တယ်၊ App ဒေါင်းဖို့ ဖုန်းဘေလ်လည်းရှိတယ်ဆိုရင် ဒေါင်းဆော့ကြည့်လိုက်ပါ။

                ဒီဂိမ်းလေးက Free မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ ၁.၉၉ ဒေါ်လာ တန်ဖိုးရှိတဲ့ဂိမ်းလေးပါ။ အကယ်လို့ ဒေါင်းဆော့မယ်ဆိုရင်လည်း နောက်တစ်ပါတ်မရောက်ပါစေနဲ့။ ဒီတစ်ပါတ်အတွင်းပဲ Free ရတာမို့လို့ပါ။ ဒေါင်းချင်တယ်ဆိုရင်တော့ ဒီလင့်ခ် မှာသွားပြီးဒေါင်းနိုင်ပါတယ်။

References
MacRumors
About Author
Assinged Tags
App Store App Download Free App Blyss Puzzle Game
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed