April Fools’ Day အတွက် Google Maps မှာ Ms. Pac-Man ဂိမ်း ပေးဆော့နေတဲ့ Google

date_range 01 April 2017

April Fools’ Day အတွက် Google Maps မှာ Ms. Pac-Man ဂိမ်း ပေးဆော့နေတဲ့ Google

visibility 1000 Views

                ၂၀၁၅ ခုနှစ်၊ April Fools တုန်းက Google Maps မှာ Pac-Man ဂိမ်း ကစားလို့ရခဲ့တာကို တစ်ချို့တွေ မှတ်မိကြမှာပါ။

                အခု ၂ နှစ်အကြာ၊ ၂၀၁၇ ခုနှစ် April Fools’ Day မှာလည်း Google Maps ကနေ Pac-Man ဂိမ်း ထပ်ဆော့လို့ရပါပြီ။

                အရင် Pac-Man အထီးထက် ပိုမြင့်တဲ့ Ms. Pac-Man ဖြစ်ပြီး၊ Google Maps website ကနေ သွားဆော့လို့ရသလို၊ စမတ်ဖုန်းတွေက Google Maps App ကနေလည်း သွားဆော့နိုင်ပါတယ်။

                ဒီနေ့ Google Maps ထဲ ဝင်လိုက်ရင် Location ရှာတဲ့ ခလုတ်အပေါ်မှာ Ms. Pac-Man ပုံလေးကို တွေ့ရမှာဖြစ်ပြီး၊ နှိပ်လိုက်တာနဲ့ Google Maps မြေပုံက Pac-Man ဂိမ်းအဖြစ် ပြောင်းလဲသွားတာ တွေ့မြင်ရမှာပါ။ အပြင်က လမ်းတွေက ဂိမ်းရဲ့ လမ်းကြောင်းတွေ ဖြစ်သွားပါလိမ့်မယ်။

                စမတ်ဖုန်းကနေ ဆော့မယ်ဆိုရင် ၂၀၁၅ တုန်းက Pac-Man ဂိမ်းနဲ့မတူတာက ကိုယ့်အခု လက်ရှိတည်နေရာကို ဂိမ်းအဖြစ် ပြောင်းလဲပေးတာမဟုတ်ဘဲ၊ ကမ္ဘာ့မြေပုံပေါ်က Random ကျပန်းနေရာတစ်ခုမှာ သွားဆော့ရမှာဖြစ်ပါတယ်။ (iOS ဗားရှင်းမှာတော့ မြေပုံရွေးလို့ ရတယ်လို့ ဆိုပါတယ်။)

                Website ကနေ ဆော့မယ်ဆိုရင်တော့ အောက်ဆုံးနေရာမှာ “Insert Coin” ဆိုတာလေး တွေ့မြင်ရမှာဖြစ်ပြီး၊ နှိပ်လိုက်တာနဲ့ ကိုယ့်အခု Location ကို Pac-Man ဂိမ်းမြေပုံအဖြစ် ပြောင်းလဲပေးမှာပါ။ ကိုယ်အခုရောက်နေတဲ့ နေရာက Pac-Man ဂိမ်းဆော့ဖို့အတွက် လမ်း လုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ တခြားနေရာတစ်ခုကို “I’m feeling Lucky” လုပ်ပြီး သွားဆော့နိုင်ပါတယ်။


                Web ဗားရှင်းက ဆော့ရနည်းနည်းပိုလွယ်ပြီး၊ ဖုန်းမှာတော့ D-pad (ရှေ့နောက်ပေါ်အောက်) ခလုတ် မပါဝင်တာကြောင့် နည်းနည်းခက်ပါတယ်။

References
The Next Web
About Author
Assinged Tags
Google Maps April Fools' Day Ms. Pac-Man
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed