Windows 10 Upgrade ကြောင့် တရားစွဲဆိုခံနေရတဲ့ Microsoft

date_range 30 March 2017

Windows 10 Upgrade ကြောင့် တရားစွဲဆိုခံနေရတဲ့ Microsoft

visibility 1400 Views

                အမေရိကန်ပြည်ထောင်စု၊ အင်လင်နွိုက်စ်ပြည်နယ်က PC User ၁၀၀ ကျော်ဟာ Microsoft ကုမ္ပဏီကို လျော်ကြေး ဒေါ်လာ ၅ သန်းပေးချေဖို့အတွက် စုပေါင်းတရားစွဲဆိုထားကြောင်း သိရှိရပါတယ်။

                Windows 10 OS Upgrade ကြောင့် သူတို့ရဲ့ ကွန်ပြူတာတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး၊ ဒေတာတွေ ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ အဓိကစွဲချက်နဲ့ Microsoft ကို တရားစွဲဆိုထားတာပါ။ တရားလိုဘက်က Microsoft ဟာ Windows 10 Upgrade ကို ပြီးစလွယ်လုပ်ပေးခဲ့ပြီး၊ ချို့ယွင်းချက်တွေကို User အားလုံးသိအောင် ဖွင့်မပြောဘဲ ထိမ်ချန်ခဲ့တာတွေလည်း ရှိတာကြောင့် အခုလို နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တာလို့ ရှင်းလင်းထားပါတယ်။

“ Windows 10 Installer က Upgrade လုပ်မယ့် Customer ရဲ့ ကွန်ပြူတာကို Compatibility စစ်ပေးတယ်လို့ ဆိုထားပေမယ့်၊ တကယ်တမ်းတော့ ကွန်ပြူတာအခြေအနေကို လုံးဝမစစ်ပေးသလို၊ Windows 10 Installation လုပ်ဖို့အတွက် Hard Drive က Stress ဒဏ်ခံနိုင်ရဲ့လားဆိုတာကိုလည်း မစစ်ပေးပါဘူး” 

            လို့ တရားလိုတွေဘက်က တိုင်ကြားချက်မှာ ရေးသားထားပါတယ်။

                Windows 10 OS ဟာ ၂၀၁၅ ခုနှစ်၊ ဂျူလိုင်လမှာ စတင်ထွက်ရှိပြီးနောက်၊ နောက်ထပ်တစ်နှစ်တိတိ Windows 7 နဲ့ 8 အသုံးပြုသူတွေကို Free Upgrade အဖြစ် ပေးခဲ့တာပါ။ ဒီလိုပေးခဲ့တာကလည်း အကြောင်းရှိပါတယ်။ Microsoft ဟာ Windows 10 ကို စထုတ်ပြီးနောက်၊ နှစ်နှစ်-သုံးနှစ်အတွင်းမှာ အသုံးပြုသူဦးရေ တစ်ဘီလီယံလောက်အထိ ရရှိဖို့ ခန့်မှန်းခဲ့တာကြောင့် Free Upgrade အနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။

                Windows 10 ကို အခကြေးငွေပေးမှ Upgrade လုပ်လို့ရမယ်ဆိုရင် User တော်တော်များများက Latest Windows ကို ပြောင်းသုံးကြမှာမဟုတ်ဘဲ၊ လက်ရှိ သုံးနေတဲ့ Windows အဟောင်းမှာတင် သောင်တင်နေကြမှာဖြစ်တာကြောင့် Microsoft ဘက်က Free Upgrade အစီအစဥ် လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့ Windows 10 OS အတွက် Developer တွေဘက်ကလည်း Applications တွေ ရေးချင်လာအောင် ဖြစ်ပါတယ်။

                ဒီလို တစ်နှစ်တိတိ အခမဲ့ Upgrade လုပ်ခွင့်ပေးခဲ့ပေမယ့် Microsoft ရဲ့ Windows 10 Free Upgrade အစီအစဥ်ဟာ နာမည်ဆိုးလေးတွေ တော်တော်ထွက်ခဲ့တဲ့ အစီအစဉ်ပါ။

                Microsoft ဟာ Windows 7 နဲ့ 8.1 အသုံးပြုသူတွေကို ထုတ်ပေးတဲ့ Update တွေမှာ Windows 10 OS အကြောင်း ကြော်ငြာတွေ ထည့်တယ်။ တစ်ချို့ User တွေဆို ကိုယ်ကတောင် ဘာမှမသိလိုက်ရဘဲ Windows 10 OS ကို အလိုလို Download လုပ်သွားတာ၊ Install လုပ်ပစ်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

                ဒီထက်ပိုဆိုးတာက Windows 10 OS အသုံးပြုဖို့ မကိုက်ညီတဲ့ (Incompatible) Hardware ဒါမှမဟုတ် Driver တွေ ရှိနေတဲ့ Systems တွေမှာပါ Install လုပ်ဖို့ ကမ်းလှမ်းခဲ့တာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ဒီသတင်းတွေက အမှန်လားဆိုတာကတော့ အခုထိ ရေရာမှုမရှိပါဘူး။

                အခု Microsoft ကို တရားစွဲဆိုထားသူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Howard Goldberg ဆိုသူကတော့ သူ့တုန်းက Windows 10 ကို Upgrade လုပ်လိုက်တဲ့အခါ၊ Windows Installation ပြဿနာတွေ့ခဲ့ရတာကြောင့် “ကွန်ပြူတာထိခိုက်မှုရှိခဲ့တယ်” လို့ အခိုင်အမာကို ပြောကြားထားပါတယ်။

                Goldberg ဟာ သူ့ကွန်ပြူတာကို ပြင်ဖို့သွားပြခဲ့ပေမယ့်လည်း Hardware က Warranty ကုန်ပြီးဖြစ်တာကြောင့် ပိုက်ဆံထပ်ပေးခဲ့ရပြီး၊ အထဲကဒေတာတွေကိုပါ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ Windows 10 ကြောင့် သူ့မှာ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်ခဲ့ရတာကြောင့် Microsoft ဆီက နစ်နာကြေး ပြန်တောင်းသွားမှာပါတဲ့။

                ယခုပြဿနာနဲ့ ပတ်သတ်ပြီး Microsoft ဘက်ကတော့ အောက်ပါအတိုင်း ဖြေရှင်းထားပါတယ်။

“ တစ်နှစ်အခမဲ့အစီအစဉ်အတွင်းမှာ Upgrade လုပ်ခဲ့တဲ့ Customer တစ်ဦးဟာ၊ Upgrade လုပ်ရာမှာ အဆင်မပြေမှုတွေ ကြုံလာရင်၊ ကျနော်တို့ဘက်က ကူညီဖြေရှင်းပေးတဲ့ နည်းလမ်းတွေ အများကြီးပါ။ ဒီထဲမှာ အခမဲ့ Customer Support နဲ့ အရင် OS အဟောင်းကို ပြန်ပြောင်းနိုင်ဖို့ ၃၁ ရက် အချိန်ပေးတာတွေပါ ပါဝင်ပါတယ်။ တရားလိုဘက်က စွပ်စွဲချက်တွေဟာ အထောက်အထားအခိုင်အလုံမရှိဘူးဆိုတာ ကျနော်တို့ဘက်က သေချာပါတယ်။”
References
Ars Technica ZD Net Gamespot
About Author
Assinged Tags
Microsoft Windows 10
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed