Messenger မှာ တစ်နာရီတိတိ ကိုယ့် "Live Location" ကို သူငယ်ချင်းတွေထံ Sharing လုပ်နိုင်မယ့် Feature ပါဝင်လာ

date_range 28 March 2017

Messenger မှာ တစ်နာရီတိတိ ကိုယ့် "Live Location" ကို သူငယ်ချင်းတွေထံ Sharing လုပ်နိုင်မယ့် Feature ပါဝင်လာ

visibility 750 Views

                Google ဟာ လွန်ခဲ့တဲ့တစ်ပတ်လောက်က Google Maps မှာ ကိုယ့်ရဲ့ လက်ရှိတည်နေရာ၊ သွားနေတဲ့လမ်းကြောင်းကို မိတ်ဆွေ၊သူငယ်ချင်းတွေထံ Share လုပ်နိုင်မယ့် Feature အသစ်တစ်ခုကို မိတ်ဆက်ခဲ့တာကို မှတ်မိကြမှာပါ။ မဖတ်ရသေးရင် ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

                အခုအခါ Facebook ကလည်း ဒီလိုမျိုး Location ကို Live Sharing လုပ်နိုင်မယ့် Feature သစ်တစ်ခုကို Messenger မှာ မိတ်ဆက်လိုက်ပါပြီ။

                “Live Location” လို့ အမည်ပေးထားတဲ့ Messenger ရဲ့ ယခု Feature အသစ်ဟာ Google Maps က Feature နဲ့ အကုန်နီးပါး အတူတူပဲဖြစ်ပြီး၊ မတူတာဆိုလို့ Messenger မှာက တစ်နာရီတိတိပဲ Location ကို Live Sharing လုပ်နိုင်မှာဖြစ်ပါတယ်။

                Messenger ရဲ့ “Live Location” ကို Android ကော iOS မှာပါ ယခု အသုံးပြုနိုင်ပြီဖြစ်ပြီး၊ ကိုယ်ရဲ့ "Live Location" ကို Messenger ထဲက Friend တစ်ယောက်ချင်းစီကို သီးသန့် Share လုပ်နိုင်သလို၊ Group ထဲလည်း Share လုပ်နိုင်မှာပါ။

                Messenger မှာ အရင်ကလည်း ကိုယ့် Location ကို မြေပုံပေါ်မှာ Sharing လုပ်နိုင်တာကြောင့် ဘာမှမထူးခြားဘူးလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် အရင်တုန်းကတော့ ကိုယ်အခု ရောက်နေတဲ့ တည်နေရာတစ်ခုတည်းကိုပဲ Sharing လုပ်နိုင်တာဖြစ်ပြီး၊ ကိုယ့်သွားနေတာကို သူငယ်ချင်းတွေ တိုက်ရိုက်မြင်တွေ့နေရအောင် Live Sharing မလုပ်နိုင်ပါဘူး။ ပြောရရင် Location ကို Live မလွှင့်နိုင်ဘူးပေါ့။

                ဒါပေမယ့် အခု “Live Location” မှာက ကိုယ်တစ်နေရာရာကို သွားနေတယ်ဆိုတာကိုပါ လက်ခံသူဘက်က မြင်နေရမှာဖြစ်ပြီး၊ Location Share ထားတဲ့လူဆီ သွားချင်တယ်ဆိုလည်း Directions (လမ်းကြောင်း) ယူနိုင်ပါတယ်။ နောက်ထပ်တစ်ခု ပိုမိုက်တာက လက်ခံထားသူဘက်က သူ ကိုယ့်ဆီရောက်ဖို့ ခန့်မှန်းခြေ ဘယ်နှစ်မိနစ်လောက် ကြာနိုင်မလဲဆိုတာကိုပါ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

                “Live Location” ကို Android ကော iOS မှာပါ တစ်နာရီတိတိပဲ Share လုပ်နိုင်ပြီး၊ Share နေတုန်း ကိုယ်ကြိုက်တဲ့အချိန်မှာ ပြန် Stop လုပ်နိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှာလည်း Location Sharing လုပ်ထားတဲ့ကြာချိန်ကို ဖော်ပြထားမှာကြောင့် ဘယ်နှစ်မိနစ်ရှိနေပြီလဲဆိုတာ သိနိုင်မှာပါ။


                ဒီ Feature ကို အသုံးပြုဖို့အတွက် Messenger App ကို Update ပြုလုပ်ပေးဖို့ လိုအပ်ပြီး၊ မက်ဆေ့ရဲ့ အောက်ဘက်က More ခလုတ်ကို နှိပ်ကာ၊ အပေါ်ဆုံးက Location ဆိုတာ ထပ်နှိပ်ပြီး၊ အသုံးပြုနိုင်ပါတယ်။

                ယခု Feature ရဲ့ နောက်ထပ်အသုံးဝင်တာတစ်ခုက တကယ်လို့ အွန်လိုင်းကနေ အပြင်မှာတွေ့ဖို့ တစ်နေရာရာမှာ  ချိန်းထားတာဆိုရင်တော့ More icon လေးကို နှိပ်ပြီး၊ Share Live Location ကို မရွေးဘဲနဲ့ အပေါ်က အပြာရောင် Location ပုံလေးကို ရွေးလိုက်ပါ။ ပြီးရင် မြေပုံကို ထောက်ပြီး ပင်အနီရောင်ပုံလေးကို ကိုယ်ချိန်းချင်တဲ့ ဆိုင်တစ်ခုခုရဲ့ မြေပုံနေရာပေါ်မှာ ပင်ကို ချထားလိုက်ပါ။ ပြီးရင်တော့ Share ချင်တဲ့လူဆီ Send လုပ်လိုက်တာနဲ့ နှစ်ဖက်လုံးက ဆိုင်နေရာကို မြင်တွေ့နေရမှာဖြစ်ပါတယ်။

Messenger ရဲ့ “Live Location” ကို အသုံးပြုရတာ အခက်အခဲတွေ့နေရင် ကျနော်တို့ Facebook စာမျက်နှာရဲ့ Message ကနေ မေးမြန်းနိုင်ပါတယ်။




References
Facebook Newsroom
About Author
Assinged Tags
Facebook Android Applications iOS Messenger Location Sharing Live Location
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed