NASA က Data တွေထဲမှာပါဝင်တဲ့ Major Error ကိုထောက်ပြခဲ့တဲ့ ဗြိတိန်နိုင်ငံကကျောင်းသား

date_range 27 March 2017

NASA က Data တွေထဲမှာပါဝင်တဲ့ Major Error ကိုထောက်ပြခဲ့တဲ့ ဗြိတိန်နိုင်ငံကကျောင်းသား

visibility 950 Views

                နိုင်ငံတကာအာကာသစခန်း (ISS) ကနေ NASA ရယူထားတဲ့ Data တွေထဲမှာပါဝင်တဲ့ Major Error ကို အသက် ၁၇ နှစ်သာရှိသေးတဲ့ ဗြိတိန်နိုင်ငံကကျောင်းသားလေးက ထောက်ပြသွားပါတယ်လို့ BBC က ရေးသားထားပါတယ်။

                ဒီကျောင်းသားလေးနာမည်က Miles Soloman ပါ။ Sheffield မြို့ Tapton ကျောင်းမှာ ပညာသင်ကြားနေပြီး A-Level Student လည်းဖြစ်ပါတယ်။ Soloman ဟာ TimPix ဆိုတဲ့ Project တစ်ခုလုပ်ရင်းနဲ့ NASA က Data တွေထဲမှာ Major Error ရှိနေကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

                TimPix ဆိုတဲ့ Project မှာ ဗြိတိန်နိုင်ငံကကျောင်းသား၊ ကျောင်းသူတွေဟာ ဗြိတိန်နိုင်ငံသား အာကာသယာဉ်မှူး Tim Peake တစ်ယောက် ISS မှာ ခြောက်လတိုင်တိုင်နေထိုင်တဲ့ ကာလအတွင်း Radiation Detector ကနေရရှိမယ့် Data တွေကို ရရှိမှာပါ။

                ရရှိလာတဲ့ Data တွေထဲမှာပါဝင်တဲ့ မူမမှန်မှုတွေ၊ မှားယွင်းမှုတွေကို ဗြိတိန်နိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ လေ့လာနိုင်အောင် TimPix ဆိုတဲ့ Project လေးလုပ်ပေးတာ ဖြစ်ပါတယ်။ Project ရဲ့ရည်ရွယ်ချက်လည်း အောင်မြင်တယ်လို့ ဆိုရမှာပါ။

                ဘာလို့လဲဆိုတော့ Soloman က ISS ကပို့ပေးတဲ့ Data တွေထဲမှာ Major Error တစ်ခုကို တွေ့ရှိခဲ့လို့ပါ။ တွေ့ရှိပြီးတဲ့နောက်မှာတော့ Soloman ဟာ NASA က သိပ္ပံပညာရှင်တွေဆီ Email ပေးပို့ခဲ့ပါတယ်။ NASA ကလည်း Email ဖတ်ရှုစစ်ဆေးပြီးမှာတော့ တွေ့ရှိခဲ့တဲ့ Error ကို ကူညီဖြေရှင်းပေးဖို့အတွက် NASA ကို လာခဲ့ဖို့ Soloman ကို ဖိတ်ခေါ်လိုက်ပါတယ်။

NASA ကနေ ရရှိခဲ့တဲ့ ဒီစာရင်းထဲမှာ Radiation Level တွေကို မှတ်သားထားပါတယ်။ Soloman က သူဘယ်လိုရှာတွေ့ခဲ့တယ် ဆိုတာကို

“ဒီစာရင်းထဲက အနိမ့်ဆုံး Radiation Level တွေကို ကျနော်အရင်ကြည့်တယ်ဗျ။ အဲ့မှာ Radiation Detector တွေကမှားနေတယ်ဆိုတာကို ကျနော်တွေ့ရှိတာပဲ။ Detector ကဘာ Radiation မှ မတွေ့ရှိဘူးဆိုရင် ဘာမှမတွေ့ရှိဘူးလို့ပဲ ပြရမှာလေ။ အခုဟာက အနှုတ်လက္ခဏာပြနေတာဆိုတော့ မှားနေတာပေါ့”

လို့ ပြောကြားခဲ့ပါတယ်။

                ဒီအမှားကို NASA က ပညာရှင်တွေတောင် သတိမထားမိခဲ့ပါဘူး။ NASA ကတော့ ဒီအမှားဟာ တစ်နှစ်မှာတစ်ခေါက် ဒါမှမဟုတ် နှစ်ခေါက်ပဲဖြစ်တာလို့ ထင်တာပေမယ့် Soloman က ထောက်ပြလိုက်တာကြောင့် ဒီအမှားဟာ ဒီနှစ်အတွင်းမှာပဲ အကြိမ်ကြိမ်အခါအခါ ဖြစ်နေတာဆိုတာကို သိရှိခဲ့ပါတယ်။

References
Gadgets 360
About Author
Assinged Tags
NASA International Space Station
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed