Play Store မှာ “Free App Of The Week” ဆိုတဲ့ ကဏ္ဍအသစ်လေး ထည့်သွင်းပေးလိုက်တဲ့ Google

date_range 27 March 2017

Play Store မှာ “Free App Of The Week” ဆိုတဲ့ ကဏ္ဍအသစ်လေး ထည့်သွင်းပေးလိုက်တဲ့ Google

visibility 8750 Views

                “Fee App Of The Week” ဆိုတာ တစ်ပါတ်အတွင်း Free ရနိုင်မယ့် App လေးတွေကို ပြသပေးမယ့် ကဏ္ဍလေးတစ်ခုဖြစ်ပြီး Apple ရဲ့ App Store မှာ ပါဝင်တာကြာခဲ့ပြီဆိုပေမယ့် Google ရဲ့ Play Store မှာတော့ အခုမှပါဝင်လာတာ ဖြစ်ပါတယ်။

                Play Store ထဲမှာ App တွေ သုံးသန်းကျော်ရှိပါတယ်။ ဒီလောက်များတဲ့ App တွေထဲကမှ ဘယ် App ကတော့ဖြင့် ဒီတစ်ပါတ်အတွင်း Promotion ချထားလို့ Free ရတယ်ဆိုတာ အလွယ်တကူ သိရှိနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီကဏ္ဍလေး ပါဝင်လာတာကြောင့် Free ရရှိနိုင်မယ့် App တွေကို Play Store ထဲမှာ တကူးတက လိုက်ရှာနေစရာမလိုတော့ပါဘူး။

 

                အပေါ်ကပုံတွေမှာပြထားတဲ့အတိုင်း Play Store ထဲမှာ “Free App Of The Week” ဆိုတဲ့ ကဏ္ဍလေးထဲဝင်လိုက်တာနဲ့ တစ်ပါတ်အတွင်း Free ရရှိနိုင်မယ့် App တွေကို တွေ့ရှိနိုင်မှာပါ။ တစ်ပါတ်တစ်ခါ Play Store ထဲက “Free App Of The Week” ကဏ္ဍလေးထဲဝင်ပြီး Free ရရှိမယ့် App တွေကို စောင့်ကြည့်နိုင်ပြီ ဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Google App Store App Download Google Play Store
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed