Gear S3 ပုံစံ စမတ်အိတ်ဆောင်နာရီဒီဇိုင်းကို Samsung မိတ်ဆက်ပြသ

date_range 24 March 2017

Gear S3 ပုံစံ စမတ်အိတ်ဆောင်နာရီဒီဇိုင်းကို Samsung မိတ်ဆက်ပြသ

visibility 100 Views

                Samsung ဟာ ယခုတစ်ပတ်အတွင်း ဆွစ်ဇာန်လန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Baselworld 2017 ပွဲမှာ Gear S3 ပုံစံယူထားတဲ့ စမတ်အိတ်ဆောင်နာရီနဲ့ Gear S3 ဒီဇိုင်းအသစ်တွေကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။

                ပထမဆုံး မိတ်ဆက်ပြသသွားတာက စမတ်အိတ်ဆောင်နာရီဖြစ်ပြီး၊ Gear S3 မှာပါတဲ့ အခုခေတ်နည်းပညာနဲ့ ၁၆ ရာစုလောက်တုန်းက အိတ်ဆောင်နာရီဒီဇိုင်းကို ပေါင်းစပ်ထားတာက တော်တော်ထူးခြားတဲ့ စိတ်ကူးလို့ ပြောရမှာပါ။ အိတ်ဆောင်နာရီအဖုံးမှာလည်း သံလိုက်အိမ်မြှောင်လည်း ပါဝင်ပပ

                Samsung ရဲ့ ယခုစမတ်နာရီကို နာမည်ကျော်နာရီဒီဇိုင်နာ Yvan Arpa က ဒီဇိုင်းဆွဲပေးထားတာဖြစ်ပြီး၊ Concept အဆင့်ကနေ ကျော်ပြီး တကယ်ထွက်လာဖို့ကတော့ လမ်းသိပ်မမြင်ပါဘူး။

                Samsung ကနေ နောက်ထပ်ပြသသွားတဲ့ နာရီဒီဇိုင်းတွေထဲမှာ နောက်ထပ်ထူးခြားတာတစ်ခုက ပုံမှန် Gear S3 ပုံစံ ထင်ရပေမယ့်၊ အထဲမှာတော့ Swiss Movement ကို အသုံးပြုထားတဲ့ စမတ်နာရီတစ်ခုပါ။ ဒီနာရီကလည်း Concept ဒီဇိုင်းသာ ဖြစ်တာကြောင့် အမှန်တကယ်ဝယ်ယူနိုင်မှာတော့ မဟုတ်ပါဘူး။ စမတ်နာရီမှာ နာရီလက်တံလည်ဖို့အတွက် Swiss Movement သုံးထားတာကလည်း နည်းနည်းတော့ ထူးဆန်းပါတယ်

                အဆိုပါပွဲမှာ နောက်ထပ် Gear S3 ဒီဇိုင်းသစ်ပုံစံအမျိုးမျိုးကို ထုတ်ဖော်ပြသခဲ့ပေမယ့်၊ ဒီဇိုင်းသက်သက်သာ ဖြစ်ပြီး၊ တကယ်ရောင်းချဖို့တော့ မရှိသေးပါဘူး။
References
The Verge
About Author
Assinged Tags
Samsung Gear S3 Smartwatch
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed