Facebook ကနေ SIM ကတ် မှတ်ပုံတင်နိုင်ပြီဖြစ်တဲ့ Ooredoo

date_range 13 March 2017

Facebook ကနေ SIM ကတ် မှတ်ပုံတင်နိုင်ပြီဖြစ်တဲ့ Ooredoo

visibility 1170 Views

                Ooredoo ကနေ သုံးစွဲသူတွေအတွက် Facebook Chat Box ကနေတဆင့် SIM ကတ်မှတ်ပုံတင်လို့ရအောင် စီစဥ်ပေးလိုက်ပါပြီ။

                SIM ကတ် မှတ်ပုံမတင်ရသေးတဲ့ Ooredoo အသုံးပြုသူတွေအနေနဲ့၊ မိမိ SIM ကတ်ကို မှတ်ပုံတင်လိုပါက Ooredoo Facebook စာမျက်နှာရဲ့ Chat Box မှာ ကိုယ်မှတ်ပုံတင်ချင်တဲ့ ဖုန်းနံပါတ်ကို #reg09 ခံပြီး Message ပေးပို့ရမှာဖြစ်ပါတယ်။ (ဥပမာ -  #reg0997xxxxxx) 

                ဖုန်းနံပါတ်နဲ့ အတူ SIM ကတ်မှတ်ပုံတင်ရာမှာ လိုအပ်တဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) နိုင်ငံတော်မှ ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား တစ်ခုခုကို ရှေ့နောက်ဓာတ်ပုံရိုက်ပြီး ပေးပို့ရမှာဖြစ်ပါတယ်လို့ Ooredoo က တရားဝင်ထုတ်ပြန်ထားပါတယ်။

                မှတ်ပုံတင်ခြင်းပြီးစီးသွားပါကလည်း ဖုန်းထဲကို SMS ကနေ တဆင့် အကြောင်းကြားသွားမှာဖြစ်ပြီး လက်ဆောင်ဒေတာ 500MB ကိုလည်း ရရှိမှာပါ။

                ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး ဆင်းကတ်အားလုံး မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ထားတာကြောင့် ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ မိမိတို့သုံးစွဲသူများ အချိန်မီ မှတ်ပုံတင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။

                အော်ပရေတာတွေအနေနဲ့ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ရန်သာမကဘဲ ပုဂ္ဂလိကဘဏ်တွေ၊ မိုလ်ဘိုင်းဖုန်းအရောင်းဆိုင်တွေ၊ ကိုယ်ပိုင် Applications တွေ စတဲ့နည်းလမ်းများနဲ့ လွယ်ကူစွာ မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ 

References
Ooredoo Myanmar
About Author
Assinged Tags
Facebook Messenger Ooredoo SIM Registration Local News Local Tech News
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed