PC ကနေပါ Live လွှင့်ခွင့်ပေးလိုက်တဲ့ Facebook

date_range 23 March 2017

PC ကနေပါ Live လွှင့်ခွင့်ပေးလိုက်တဲ့ Facebook

visibility 1650 Views

                ဒီနေ့မှာပဲ Facebook က သူတို့ရဲ့ အသုံးပြုသူအားလုံးအတွက် Mobile ကနေတင်မဟုတ်ပဲ၊ PC တွေ၊ Laptop တွေကနေပါ Live လွှင့်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ ဒီ Feature လေးကို Facebook ဟာ Facebook Page တွေအတွက်သာ သုံးခွင့်ပေးခဲ့ပေမယ့် အခုမှာတော့ Facebook Account ရှိတဲ့ မည်သူ့ကိုမဆို ဒီ Feature လေးကို သုံးခွင့်ပေးလိုက်တာပါ။

                ဖုန်းတွေမှာတော့ Front-Camera ဒါမှမဟုတ် Back-Camera ကို အသုံးပြုပြီး Live လွှင့်ကြရတယ်ဆိုပေမယ့် PC သမားတွေ၊ Laptop သမားတွေအတွက်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ Webcam ကနေ Live လွှင့်ရမှာပါ။ Professional Streamer တွေအတွက်ကတော့ High Quality Broadcast တွေလုပ်ဖို့အတွက် Camera အကောင်းစားတွေ၊ Screencast လုပ်ဖို့အတွက် Streaming Software တွေ လိုအပ်မှာဖြစ်ပါတယ်။

                Facebook အသုံးပြုသူတိုင်းအတွက် ဒီ Feature လေးကို အသုံးပြုခွင့်ပြုလိုက်ခြင်းဟာ Facebook က အသုံးပြုသူအားလုံးကို အနာဂါတ်မှာ Professional ဆန်ပြီး၊ လူတိုင်းအတွက် အသုံးဝင်မယ့် Live ဗီဒီယို လွှင့်တင်သူတွေ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။

                နောက်ထပ်ရည်ရွယ်ချက်ကတော့ Gamer တွေကို Facebook ကနေ မထွက်စေချင်လို့ ဖြစ်ပါတယ်။ အခုဆိုရင် Twitch က Gamer တွေအတွက် Facebook လိုမျိုး သီးသန့် Social Media တစ်ခုကို လုပ်ပြီး Gamer တွေအကုန်လုံးကို ဆွဲခေါ်လိုက်တယ်ဆိုတော့ (ဒီသတင်းကို ဒီလင့်ခ် မှာဖတ်ရှုပါ) Facebook ဘက်ကလည်း အသုံးပြုသူတွေ လျော့မသွားအောင် ရွေ့လိုက်တဲ့ အကွက်တစ်ကွက်ပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Facebook PC Facebook Live Livestream Live Video Mobile Live Streaming
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed