Pulse ဆိုတဲ့ Gaming Social Media ကို Twitch စတင်မိတ်ဆက်

date_range 08 March 2017

Pulse ဆိုတဲ့ Gaming Social Media ကို Twitch စတင်မိတ်ဆက်

visibility 50 Views

Twitch ဆိုတာ ဒီက Gamer တွေနဲ့တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ Gamer တွေအားလုံး Twitch မှာ Live Game တွေကြည့်ပြီးပြီဆိုတာနဲ့ Twitch ထဲကထွက်လိုက်တာပါပဲ။ အခုတော့ Twitch က Gamer တွေ Twitch ထဲက ထွက်ချင်စိတ်မရှိအောင် Pulse ဆိုတဲ့ Gaming Social Media နဲ့ ပြုစားလိုက်ပါပြီ။

ဘယ် Gamer ပဲဖြစ်ဖြစ် Game ပွဲတွေရှိတာ သိချင်ရင်၊ Game အကြောင်းသိချင်ရင်၊ ဆွေးနွေးချင်ရင် Facebook ဒါမှမဟုတ် Twitter ဒါမှမဟုတ် Youtube မှာပဲ ပြောကြတယ်၊ ဆွေးနွေးကြတယ်ပေါ့။ အခုကတော့ အဲ့လိုလုပ်စရာမလိုတော့ပါဘူး။ Gamer တွေအတွက်သီးသန့် Social Media မှာပဲ Game အကြောင်းဆွေးနွေးကြမယ်၊ ငြင်းခုန်ကြမယ်ပေါ့။ 

အခု Pulse ဆိုတဲ့ Gaming Social Media ဟာ Twitter တို့၊ Facebook တို့နဲ့ အသုံးပြုရပုံခြင်း ဆင်တူမှာဖြစ်သလို Function တွေလည်းဆင်တူပါတယ်။ ဥပမာ Facebook တို့၊ Twitter တို့မှာလိုပဲ News Feed ပါပြီး၊ Status  တွေလည်းတင်နိုင်သလို၊ သူများတင်ထားတဲ့ Status တွေလည်း ကိုယ့်ရဲ့ News Feed မှာလာပေါ်မှာဖြစ်ပါတယ်။

Status တွေကိုစာနဲ့အပြင်၊ ဓာတ်ပုံတွေ၊ အခြား Social Media က Link တွေကိုလည်း ထည့်ပြီးတင်နိုင်မှာပါ။ ပြောရရင် Pulse က Twitter နဲ့ဆင်တူပါတယ်။ 

ကိုယ်ကြိုက်တဲ့ Broadcaster တွေကို Follow လုပ်ထားပြီး ဘယ်အချိန်မှာ ဘယ်ပွဲတွေ Live ရှိလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်မှာလဲဖြစ်ပါတယ်။

Gamer တွေပဲစုနေမယ့် သီးသန့် Social Media တစ်ခုဖြစ်တာကြောင့် အရင်ကလိုမျိုး Game နဲ့ပက်သက်တာဆိုရင် တခြား Social Media တွေမှာ သွား Share နေစရာအကြောင်းတော့ မရှိတော့ပါဘူး။

Pulse ကို အသုံးပြချင်တယ်ဆိုရင်တော့  အရင်ဆုံး Sign-Up လုပ်ရမှာဖြစ်ပါတယ်။ Twitch ရဲ့ Website မှာတော့ Pulse ကို စတင်အသုံးပြုလို့ရပြီဖြစ်ပြီး၊ Mobile App မှာကတော့ Beta ပဲရှိပါသေးတယ်။ Pulse ရဲ့ Introduction Video လေးကိုတော့ ဒီလင်ခ့် မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

References
TechChrunch
About Author
Assinged Tags
Gaming News Twitch Gaming Social Media Pulse
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed