Hack လုပ်ခံရတဲ့ Website အရေအတွက် တစ်နေ့တစ်ခြား တိုးပွားလာတယ်လို့ပြောလိုက်တဲ့ Google

date_range 22 March 2017

Hack လုပ်ခံရတဲ့ Website အရေအတွက် တစ်နေ့တစ်ခြား တိုးပွားလာတယ်လို့ပြောလိုက်တဲ့ Google

visibility 250 Views

                နည်းပညာခေတ်ကြီးမှာ ကြီးပြင်းလာကြတဲ့ လူငယ်တွေရဲ့ နည်းပညာနဲ့ထိတွေ့မှုဟာ တစ်နေ့တစ်ခြား ပိုပိုပြီးထိရောက်လာပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေအကုန်လုံး နည်းပညာကို အကျိုးပြုမယ့်လူငယ်တွေ ဖြစ်မလာပါဘူး။ တစ်ချို့က နည်းပညာကို အကျိုးပေးနိုင်မယ့် လမ်းကိုရွေးချယ်ကြပေမယ့်၊ တစ်ချို့ကတော့ လမ်းမှားကိုရွေးချယ်ကြပါတယ်။

                Hacker တိုင်းကိုတော့ လမ်းမှာရောက်နေတယ်လို့ မဆိုလိုပါဘူး။ Cyber Security ကို ပိုမိုလုံခြုံအောင် လုပ်ပေးနေတဲ့ White-hat Hacker တွေလည်းရှိသလို၊ အကြောင်းအရင်း ခိုင်ခိုင်လုံလုံမရှိပဲ Cyber Laws တွေကိုချိုးဖောက်ပြီး Hack ချင်တိုင်း Hack နေကြတဲ့ Black-hat Hacker တွေလည်း ရှိပါတယ်။

                ဒီလိုမျိုး လမ်းရွေးမှားကြလို့လည်း Hack လုပ်ခံရတဲ့ Website အရေအတွက်ဟာ တစ်နေ့တစ်ခြား တိုးပွားလာပါတယ်။ Google ရဲ့ အဆိုအရ Hack လုပ်ခံရတဲ့ Website ဟာ ၂၀၁၆ ခုနှစ်မှာ ၃၂% အထိ တိုးပွားလာခဲ့တယ်လို့ သိရှိရပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး Google က သူတို့ရဲ့ Webmaster Blog မှာ

“Web Technology ဟာ တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲနေပေမယ့် တစ်ချို့ Website တွေဟာ Outdated ဖြစ်နေပြီး ဒီလိုမျိုး Website တွေဟာ Black-hat Hacker တွေအတွက်ကတော့ လက်တည့်စမ်းစရာ ကစားစရာလေးတွေလို ဖြစ်နေပါတယ်။ ဒီအချက်ကြောင့်လည်း Hack အလုပ်ခံရတဲ့ Website အရေအတွက်ဟာလည်း တစ်နေ့တစ်ခြား တိုးပွားလာနေပြီး အရေအတွက် ကျဆင်းသွားဖို့တော့ လမ်းမမြင်ပါဘူး။”

လို့ ရေးသားထားပါတယ်။

                Website တစ်ခု Attack လုပ်ခံရပြီဆိုရင် Google က Warning ပေးပါတယ်။ ၆၁% အရေအတွက်ရှိတဲ့ Website တွေဟာ Google Search Engine မှာ စာရင်းပေးသွင်းထားခြင်း မရှိတာကြောင့် Warning မရရှိပဲ Data အချက်အလက်တွေ ဆုံးရှံးရပါတယ်။ တစ်ချို့ Warning ပေးခံရတဲ့ Website တွေကတော့ Data တွေကို အချိန်မှီပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး Google က သူတို့ရဲ့ Webmaster Blog မှာ

“ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။ အားနည်းချက်တစ်ခုကြောင့်ပဲ ကိုယ်ဖန်တီးထားတဲ့ အရာတစ်ခု လဲပြိုသွားနိုင်တယ်ဆိုတာကို မှတ်ထားပါ။ Hacking လုပ်တဲ့စတိုင်ဟာလည်း တစ်နေ့တစ်ခြား ဆန်းသစ်ပြောင်းလဲသာသလို၊ ကျနော်တို့ဘက်ကလည်း ကာကွယ်ဖို့ မောင်းတင်ထားပြီးသားပါ”

လို့ လည်းရေးသားထားပါသေးတယ်။

References
Gadgets 360
About Author
Assinged Tags
Google Cyber Security Cyber Laws User Privacy
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed