Android Nougat သုံး တန်ဖိုးသင့် Xperia L1 စမတ်ဖုန်းကို မိတ်ဆက်လိုက်တဲ့ Sony

date_range 21 March 2017

Android Nougat သုံး တန်ဖိုးသင့် Xperia L1 စမတ်ဖုန်းကို မိတ်ဆက်လိုက်တဲ့ Sony

visibility 1100 Views

                Sony ဟာ တနင်္လာနေ့မှာ Xperia L1 ဆိုတဲ့ မော်ဒယ်နိမ့်စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

                L1 ဆိုတာ Sony ရဲ့ L စီးရီးဖုန်းအသစ်လို့ ထင်ရပေမယ့်၊ တကယ်တမ်းတော့ Sony ဟာ Xperia L ဆိုတဲ့ ဖုန်းကို ၂၀၁၃ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့ဖူးပါတယ်။ အခု နောက်လေးနှစ်အကြာမှ L စီးရီးရဲ့ မော်ဒယ်အသစ် Xperia L1 ကို မိတ်ဆက်လိုက်တာပါ။

                Sony Xperia L1 ဟာ Sony ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံကို မူမပျက်အသုံးပြုထားပြီး၊ မျက်နှာပြင်အကျယ်က ၅.၅ လက်မ ( HD Display) နဲ့ ဖြစ်ပါတယ်။


                စွမ်းဆောင်ရည်ကတော့ Budget ဖုန်းဆိုတဲ့အတိုင်း 1.45GHz quad-core MediaTek MT6737T processor ကိုသာ အသုံးပြုထားပြီး၊ RAM 2GB နဲ့ Storage 16GB ပါရှိမှာပါ။
 
                microSD ကတ်ကို 256GB အထိ ထပ်စိုက်နိုင်ပြီး၊ 13MP ကျောကင်မရာ၊ 5MP ရှေ့ကင်မရာ တို့ ပါဝင်မှာဖြစ်ပါတယ်။ ဘက်ထရီက 2620mAh ဘက်ထရီအသေဖြစ်ပြီး၊ Sony ရဲ့ Battery Saving Mode ဖြစ်တဲ့ STAMINA mode လည်း ပါဝင်ပါတယ်။

                မော်ဒယ်နိမ့်ဖုန်းဖြစ်ပေမယ့် နောက်ဆုံး Android OS 7.0 Nougat ကို အသုံးပြုထားကာ၊ 4G LTE ၊ Wi-Fi 802.11n ၊ Bluetooth 4.2 ၊ NFC ၊ A-GPS ၊ GLONASS နဲ့ USB Type-C တို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                Sony Xperia L1 စမတ်ဖုန်းကို အနက်ရောင်၊ အဖြူရောင်နဲ့ ပန်းရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ ဧပြီလအတွင်း ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ စျေးကိုတော့ အခုထိ မကြေငြာရသေးပါဘူး။

References
Gadgets NDTV Android Community
About Author
Assinged Tags
Sony Smartphones Android Smartphones Sony Xperia Sony Xperia L1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed