Gmail Desktop Version မှာ Video Attachments တွေကို ဒေါင်းစရာမလိုပဲ တိုက်ရိုက်ကြည့်ရှုနိုင်တော့မည်

date_range 18 March 2017

Gmail Desktop Version မှာ Video Attachments တွေကို ဒေါင်းစရာမလိုပဲ တိုက်ရိုက်ကြည့်ရှုနိုင်တော့မည်

visibility 100 Views

                မိမိရဲ့ Gmail ထဲကို Video Attachments တွေ များများရောက်လေ့ရှိတဲ့ သူတွေအတွက် အရမ်းအထောက်အကူပြုမယ့် Feature အသစ်လေးကို Google က ဒီနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။ အရင်ကဆို ကိုယ့် Gmail ထဲကို Video Attachments တွေပါလာတဲ့ Mail တစ်စောင်ရောက်လာရင် အဲ့ဒီ Mail ထဲမှာပါလာတဲ့ Video Attachments တွေကို ဒေါင်းပြီးမှကြည့်ရှုလို့ရတာပါ။

                အခုကတော့  အဲ့ဒီ Mail ထဲမှာပါလာတဲ့ Video Attachments တွေကို ဒေါင်းစရာမလိုတော့ပါဘူး။ တိုက်ရိုက်ကြည့်ရှုလို့ရပါပြီ။ ကြည့်ပြီး ကိုယ်ကြိုက်လို့ စက်ထဲမှာသိမ်းထားချင်တယ်ဆိုရင်လည်း ဒေါင်းထားလို့ရပါတယ်။ တိုက်ရိုက်ကြည့်ရှုဖို့အတွက် သီးသန့်ခလုတ်တွေနှိပ်စရာမလိုပါဘူး။ Mail ထဲမှာပါလာတဲ့ Video File ကို Click နှိပ်လိုက်ပြီဆိုတာနဲ့ YouTube Video Player လိုမျိုး Video Player လေးတစ်ခုတက်လာပြီး ကိုယ် Click ခေါက်လိုက်တဲ့ Video File ကို ကြည့်ရှုလို့ရမှာပါ။

                တက်လာတဲ့ Video Player မှာ Volume ညှိလို့ရတဲ့ ခလုတ်တွေ၊ Video Quality ချိန်လို့ရတဲ့ ခလုတ်တွေလည်း ပါဝင်ပါတယ်။ ဒီ့အပြင် Chromecast Device တွေကိုလည်း Stream လုပ်လို့ရဉီးမှာပါ (ဒီ Feature လေးမှာတော့ Error လေးတွေ ရှိနေပါသေးတယ်)။

                Google ကတော့ ဒီ Feature အသစ်လေးကို ဒီနေ့ပဲ လူတိုင်းသုံးလို့ရအောင် ပြုလုပ်ပေးသွားမှာဖြစ်ပေမယ့် တစ်ချို့ User တွေအတွက် ၁၅ ရက်လောက်တော့ ကြာဉီးမယ်လို့ သိရပါတယ်။ ဒီ Feature လေးက အသုံးဝင်တယ်ဆိုပေမယ့်လည်း Gmail မှာက File Attachment Size ကို 25MB အကျော်မခံတဲ့ အချက်ကြောင့် အဆင်ပြေမလိုနဲ့ အဆင်မပြေတဲ့ Feature အသစ်လေး ဖြစ်နေပါတယ်။ ပြီးတော့ ဒီ Feature အသစ်လေးဟာ Gmail Mobile App မှာ မရရှိသေးပါဘူး။

References
The Verge
About Author
Assinged Tags
Google Gmail
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed