Windows 10 Creators Update မှာ Metered Connection လုပ်ထားရုံနဲ့ Windows Update ကို တားဆီးနိုင်တော့မည် မဟုတ်

date_range 18 March 2017

Windows 10 Creators Update မှာ Metered Connection လုပ်ထားရုံနဲ့ Windows Update ကို တားဆီးနိုင်တော့မည် မဟုတ်

visibility 350 Views

                Windows 10 မှာ စတင် ပါဝင်လာတဲ့ “Metered Connection” ကို Windows 10 အသုံးပြုသူ တော်တော်များများ သိပြီးဖြစ်မယ်လို့ ထင်ပါတယ်။

                မသိသေးတဲ့လူတွေအတွက် အနည်းငယ် ပြန်ရှင်းပြလိုပါတယ်။ ကျနော်တို့ Windows 10 မှာ အရင် Windows တွေလောက် Update ပိတ်ရတာမလွယ်တော့ပါဘူး။ Windows 10 Home မှာဆို Updates တွေကို တရားဝင် ပိတ်နိုင်တဲ့ Options မျိုး လုံးဝမပါရှိတာကြောင့် Windows User တော်တော်များများ တိုင်ပတ်ကြပါတယ်။

                ဒါပေမယ့် ဒါကို ဖြေရှင်းနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကို Microsoft က ပေးပြီးသားပါ။ ဒါကတော့ “Metered Connection” ဖြစ်ပါတယ်။

                ဒီကောင်က ဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ အခုကွန်ပြူတာနဲ့ ချိတ်ဆက်သုံးနေတဲ့ အင်တာနက်လိုင်းဟာ၊ ဒေတာအကန့်အသတ်နဲ့ (Limited Data Plan) နဲ့ သုံးနေရတာဖြစ်တာကြောင့် ဒီလိုင်းနဲ့ဆို ဘာမှ Updates မလုပ်ဖို့ Windows ကို ပြောလိုက်တာပါ။

                Metered Connection လုပ်ချင်တယ်ဆိုရင် Taskbar က Wi-Fi ပုံလေးကို နှိပ်၊ ကိုယ်အခုချိတ်ထားတဲ့ Wi-Fi ကို ထပ်ကလစ်နှိပ်ကာ Properties ထဲဝင်ပြီး၊ “Set as metered connection” ဆိုတာကို On လုပ်ပေးလိုက်ရုံပါပဲ။

                ဒါပေမယ့် ဒီနည်းလမ်းဟာ နောက်အသစ်ထွက်ရှိလာမယ့် Windows 10 Creators Update မှာတော့ အပြည့်အဝ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး။

                Insider Program ကနေ Creator Updates ကို စမ်းသပ်သုံးနေသူတွေအတွက် မကြာသေးမီက ထုတ်ပေးခဲ့တဲ့ Windows Insider Build (15058) မှာ ဒီနည်းလမ်းကို Microsoft က အနည်းငယ် Tweak လုပ်ထားပါတယ်။

                ဘယ်လိုလုပ်ထားတာလဲဆိုတော့ အကယ်လို့ ကိုယ်က Wi-Fi Connection ကို အထက်ပါအတိုင်း Metered Connection လုပ်ထားမယ်ဆိုရင်တောင် အရေးကြီးတဲ့ Updates တွေကိုတော့ မဖြစ်မနေ Download ဆွဲ၊ Install လုပ်အောင်ပါ။

                Windows 10 Build 15058 ရဲ့ Settings > Update and Security > Windows Update မှာလည်း ဒီအကြောင်းအရာကို အောက်ပါအတိုင်း ဖြည့်စွက်ရေးသားထားတာတွေ့ရမှာပါ။


                အရင်တုန်းက ဒီစာသားမှာ အနောက်က “In that case,…” ဘာညာ မပါဘဲ Metered Connections ဆို လုံးဝ Updates မလုပ်ဖူးဘဲ ရေးထားတာပါ။ အခုတော့ Windows ချောချောမွေ့မွေ့ Run နိုင်ဖို့အတွက် လိုအပ်တဲ့ Update တွေကိုတော့ အလိုအလျောက် Download လုပ်တော့မှာဆိုပြီး ဖြစ်သွားပါပြီ။

                Windows 10 Creators Update က အခုအချိန်မှာ တရားဝင်မထွက်ရှိသေးဘူးဆိုပေမယ့်လည်း Microsoft အနေနဲ့ အခုဆုံးဖြတ်ချက်ကို ပြင်နိုင်ဖွယ်ရာမရှိပါဘူး။

                ဒါကြောင့် ခင်ဗျားအနေနဲ့ Creators Update သုံးရပြီဆိုရင်တော့ အင်တာနက်ဘေလ်လေး ပိုပိုလျှံလျှံဆောင်ထားဖို့ လိုပါလိမ့်မယ်။

References
Tech Spot
About Author
Assinged Tags
Microsoft Windows Windows 10 Windows 10 Creators Update Metered Connection
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed