ဗုဒ္ဓဟူးနေ့က Google Street View မှာ အသစ်ပါဝင်လာတဲ့ မြင်ကွင်းတစ်ခုကတော့ သာမန်လူတစ်ယောက်အနေနဲ့ တစ်သက်မှာ တစ်ခါတောင် မြင်ဖူးဖို့ ခဲယဉ်းတဲ့ မြင်ကွင်းမျိုးပါ။
ဒါကတော့ ကမ္ဘာ့အကြီးမားဆုံး ချော်ရည်ပူကန်တည်ရှိရာ Vanuatu ကျွန်းနိုင်ငံ၊ Ambrym ကျွန်းစုက မီးတောင်အတွင်းပိုင်း၊ အောက်ဆုံးအထိ ဆင်းကြည့်နိုင်မယ့် မြင်ကွင်းဖြစ်ပြီး၊ ကိုယ်တကယ်ရောက်နေတဲ့အလား ၃၆၀ ဒီဂရီ လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Google Street View ရိုက်ကူးသူ Trekker ကိုယ်တိုင် လေ့လာရေးသမားနှစ်ယောက်နဲ့ ပူးပေါင်းကာ မီးတောင်ထိပ်ကနေ အောက်ကို မီတာ ၄၀၀ လောက် ခက်ခဲစွာဆင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
ဘောလုံးကွင်းနှစ်ကွင်းစာလောက်ရှိတဲ့ ချော်ရည်ပူကန်နားအထိ အနီးကပ်ရိုက်ကူးထားတာဖြစ်တာကြောင့်၊ မြင်ဖူးတယ်ရှိအောင် ဒီလင့်ခ် မှာ သွားကြည့်ပါလို့ တိုက်တွန်းပါရစေ။
မီးတောင်အပြင် တောင်ပစိဖိတ်သမုဒ္ဒရာထဲမှာ သီးခြားတည်ရှိနေတဲ့ Ambryn ကျွန်းအတွင်းကိုပါ Street View နဲ့ လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Join Us On