ပန်းချီကားတစ်ချပ်လို နံရံမှာ ချိတ်ထားနိုင်မယ့် Samsung ရဲ့ “Frame TV”

date_range 16 March 2017

ပန်းချီကားတစ်ချပ်လို နံရံမှာ ချိတ်ထားနိုင်မယ့် Samsung ရဲ့ “Frame TV”

visibility 100 Views

                Samsung ဟာ လွန်ခဲ့တဲ့ CES ပွဲမှာတုန်းက “Frame” လို့ အမည်ပေးထားတဲ့ တီဗီနမူနာဒီဇိုင်းတစ်ခုကို ပြသသွားတာ မှတ်မိကြမယ်ထင်ပါတယ်။

                “Frame” TV ဟာ နံရံမှာ ချိတ်ထားနိုင်တဲ့ တီဗီတစ်လုံးဖြစ်ပြီး၊ မဖွင့်ထားတဲ့အချိန်မှာ ပန်းချီ၊အနုပညာလက်ရာတွေကို ပြသထားမှာဖြစ်တာကြောင့်၊ တကယ့်ဘောင်သွင်းပန်းချီကားတစ်ချပ်ကို အခန်းမှာချိတ်ထားသလိုပါပဲ။

                CES တုန်းက Concept ဒီဇိုင်းအနေနဲ့သာ ပြသခဲ့တဲ့ ဒီ “Frame” TV ကို အခုအခါ တကယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Samsung က ယနေ့ပဲ ကြေငြာလိုက်ပါတယ်။

                “Frame” TV ကို ဆွစ်ဒီဇိုင်နာ Yves Béhar က ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး၊ သာမန် ၅၅ လက်မ (သို့) ၆၆ လက်မ UHD TV မှာ သစ်သားဘောင်ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ အဆိုပါသစ်သားဘောင်ကို ဝက်သစ်ချသားနဲ့ သစ်ကြားသား နှစ်မျိုး မှာယူနိုင်မှာပါ။ သစ်သားဘောင်ဟာ ပါးလျလွန်းပြီး၊ Samsung Logo တောင် ဘောင်မှာ ပါဝင်မှာမဟုတ်ဘဲ၊ Logo ကို တီဗီဖန်သားပြင်ရဲ့ ထောင့်ဘက်မှာပဲ ထည့်သွင်းထားပါတယ်။


                ဒီ့အပြင် “Frame” တီဗီမှာ HDMI နဲ့ တခြားကြိုးတွေအစား  “Invisible Connection” လို့ အမည်ပေးထားတဲ့ Samsung ရဲ့ အလွန်သေးငယ်ပါးလျတဲ့ ပါဝါကေဘယ်အသစ်နဲ့ Optical Audio ကေဘယ်ကို အသုံးပြုထားကြောင့် ကြိုးတွေကိုမမြင်ရဘဲ တီဗီနဲ့ နံရံက တစ်သားတည်း ဖြစ်နေမှာပါ။

                “Art Mode” ဖွင့်လိုက်တဲ့အခါ တီဗီမှာ ဒီဂျစ်တယ်အနုပညာလက်ရာတွေကို ပြထားမှာဖြစ်ပြီး၊ အနုပညာနယ်ပယ် ၁၀ ခုက အနုပညာလက်ရာပေါင်း ၁၀၀ ကျော် ပါဝင်ပြီးသားဖြစ်တယ်လို့ Samsung က ပြောကြားထားပါတယ်။

                ဒါပေမယ့် လောလောဆည်တော့ တီဗီစျေးနှုန်းနဲ့ အသုံးပြုထားတဲ့ Specs တွေကို ကြေငြာခဲ့ခြင်းမရှိဘဲ၊ ယခုနှစ် နွေဦးပေါက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ပဲ သိရပါတယ်။

References
The Verge Independent Samsung Newsroom
About Author
Assinged Tags
Samsung Samsung TV Samsung Frame TV Television
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed